Friday, March 8, 2013
ပရိသတ်ကြီးအတွက် အကောင်းဆုံး ဖျော်ဖြေမယ့် စိုးသူ
နိုင်ငံကျော် ပြည်သူချစ် အနုပညာရှင် စိုးသူရဲ့ တစ် ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ(၃၀)ရက်နေ့မှာ ရန်ကုန်မြို့ မိုင်ဒါကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲနဲ့ပတ်သက် တဲ့ စာနယ်ဇင်း အသိပေးပွဲကို မတ် လ(၃)ရက် ညနေ(၄)နာရီက Junction Square Ootdoot Area မှာ ကျင်းပခဲ့ရာ စိုးသူမှ စာနယ်ဇင်း များကို Past & Present ပွဲနဲ့ ပတ် သက်ပြီး ပြောပြခဲ့ပါ တယ်။ အဆိုပါ ပွဲဟာ စိုးသူကိုချစ်တဲ့ ပရိသတ်များ လွတ်လပ်ပျော်ရွှင်စွာကြည့်ရှုခွင့်ရဖို့ Forever Blooso m မှကြီးမှူးကျင်း ပတာဖြစ်ပြီး MRTV-4 မှလည်း တိုက်ရိုက်ထုတ်လွှင့် မယ်လို့သိရပါတယ။် Zone A, Zone B သတ်မှတ်ထား ပြီး စိုးသူရဲ့မိတ်ဆွေများနဲ့ အနုပ ညာညီအစ်ကိုမောင်နှမများက Zone A မှကြည့် ရှု ရမှာဖြစ်ပြီး ပရိ သတ်များက Zone B ကြည့်ရှု ရမှာဖြစ်တယ်လို့ သိရပါတယ်။ စိုးသူက အဆိုပါပွဲမှာ သူ့ရဲ့အောင်မြင်ခဲ့ တဲ့ တေးသီချင်း များအပြင် သီချင်း သစ် အနည်းငယ်နဲ့ လည်းဖျော်ဖြေ မယ်လို့ သိရပါ တယ်။ စိုးသူက သူ့ရဲ့ပရိသတ် များအတွက် အ ကောင်းဆုံး ကြိုးစားတင်ဆက် သွားမယ်လို့ ဆိုပါ တယ်။
Labels:
မြန်မာသတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်