BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, April 6, 2013

Google.com.mm ကို မြန်မာဘာသာဖော်ပြချက်များနှင့် အသုံးပြုနိုင်ပြီ

အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm ကို မြန်မာဘာသာ ဖော်ပြချက်များဖြင့် တရားဝင် ပြောင်းလဲ လွှင့်တင်လိုက်ပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြု သူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင် ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြု နိုင်ခဲ့ခြင်း ဖြစ်သော်လည်း မြန်မာဘာသာ ဖော်ပြချက်များဖြင့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာ ဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲ လွှင့်တင် လိုက်ခြင်း ဖြစ်သည်။
www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။ ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှု တစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံမှ ဝင်ရောက် အသုံးပြု လာနိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်