BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, May 10, 2013

မန်ယူမှ ရွန်နီ ထွက်ခွာဖြစ်ပါက ခေါ်ယူနိုင်ရန် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ စိတ်ဝင်စားနေ

မန်ချက်စတာ ယူနိုက်တက် အသင်းမှ တိုက်စစ်မှူး ဝိန်းရွန်နီ ထွက်ခွာနိုင်သည် ဆိုသော သတင်းအပေါ် ချယ်လ်ဆီး အပြင် အာဆင်နယ်ကပါ စိတ်ဝင်စား လာကြောင်း သိရှိရသည်။
မန်ယူ အသင်းတွင် ဆာအဲလက်စ် ဖာဂူဆန် မန်နေဂျာ ရာထူးမှ အနားယူရန် ဆုံးဖြတ်ကြောင်း ကြေညာသည့် နေ့တွင်ပင် ရွန်နီက အသင်းမှ ထွက်ခွာခွင့် တောင်းဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Goal.com က အဆိုပါ အခြေအနေသည် အဲဗာတန်တွင် ရွန်နီ ကစားခဲ့စဉ်က ယခု မန်ယူအသင်း မန်နေဂျာသစ် ဖြစ်လာမည့် ဒေးဗစ်မိုယက်စ်နှင့် ပုဂ္ဂိုလ်ရေး ပြဿနာ အချို့ ရှိခဲ့ခြင်းကြောင့်ဟု ဖော်ပြခဲ့သည်။ ထိုသတင်းနှင့် အတူ ချယ်လ်ဆီးက ရွန်နီကို ပေါင်စတာလင် (၂၅)သန်းဖြင့် ကမ်းလှမ်း ဝယ်ယူရန် ကြိုးပမ်းနေသည်ဆိုသော ခန့်မှန်းချက်များလည်း ပေါ်ထွက်လာသည်။

ယခုအခါ အာဆင်နယ် အသင်းသည်လည်း ရွန်နီကို ဝယ်ယူရန် အားထုတ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။ မန်နေဂျာသစ် မိုယက်စ် အနေဖြင့် မန်ယူ အသင်းတွင် ရွန်နီကို ဆက်လက် ရှိနေစေရန် လိုလားကြောင်း အသေအချာ မသိရသေးဘဲ ၎င်းတို့နှစ်ဦးကြား ဆွေးနွေးမှု ပြုလုပ်ရန် လိုအပ် လာခဲ့သည်။ မန်ယူ အသင်းနှင့် နီးစပ်သူ အချို့က ရွန်နီသည် အတိတ်က မိုယက်စ်နှင့် သဘောထား ကွဲလွဲမှုများ ရှိခဲ့ဖူးရာ ၎င်းလက်အောက်တွင် ကစားရန် ဆန္ဒ မရှိဘဲ ဖြစ်နေခြင်းဟု ပြောကြားခဲ့ကြသည်။ မိုယက်စ်သည် ရွန်နီကို ပရော်ဖက်ရှင်နယ် ကစားသမား ဘဝအတွက် ပထမဆုံး လမ်းဖွင့်ပေးခဲ့သူလည်း ဖြစ်သည်။

အဲဗာတန်တွင် ရွန်နီ ကစားခဲ့စဉ်က ယခု မန်ယူအသင်း မန်နေဂျာသစ် ဖြစ်လာမည့် ဒေးဗစ်မိုယက်စ်နှင့် ပုဂ္ဂိုလ်ရေး ပြဿနာအချို့ ရှိခဲ့ခြင်း...
ရွန်နီကို ပြင်သစ်ထိပ်သီး PSG၊ ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်တို့ကလည်း စိတ်ဝင်စားနေသည်။ ရွန်နီအနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀၀၀၀)မျှ ခံစားခွင့် ရှိနေရာ ၎င်းကို လက်တွေ့ ဝယ်ယူမည် ဆိုပါကလည်း ဥရောပ၏ အကြွယ်ဝဆုံး စာရင်းဝင် ကလပ်အသင်းများသာ ဖြစ်နိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။
Ref: Goal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်