BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, June 13, 2013

အခွန်ရှောင်ခဲ့ပါက မက်ဆီ ထောင် ၆နှစ် ကျဖွယ်ရှိ

၂၀၀၆မှ ၂၀၀၉ ခုနှစ်ထိ အခွန်ရှောင်လွဲမှုကြောင့် မက်ဆီအနေဖြင့် ထောင်ဒဏ် ၆နှစ် အထိ ကျခံရဖွယ်ရှိနေကြောင်း သိရသည်။ မက်ဆီမှာ စပိန်နိုင်ငံ ပြင်ပပုံရိပ်အသုံးပြုခများအတွက် ယူရို ၄သန်းအခွန်မဆောင်ခဲ့ကြောင်း သံသယဖြစ်ခံနေရပြီး ယင်းအတွက် စပိန်အခွန်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

မက်ဆီနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ကို အမှုဖွင့်ရန် အခွန်အာဏာပိုင်များက မြေထဲပင်လယ် ကမ်းခြေအနီးရှိ ဂါဗာတရားရုံးတွင် လျှောက်ထားခဲ့သော်လည်း မက်ဆီကို အမှုဖွင့်ရန် တရားရုံးမှ ဆုံးဖြတ်ရခြင်းမရှိသေးပေ။ အရွယ်ရောက်ပြီးနောက် အခွန်ရှောင်လွဲသည်ဟု မက်ဆီကို စွပ်စွဲထားကာ ၎င်းအရွယ်မရောက်မီ အချိန်ကာလအတွင်း အခွန်မဆောင်မှုအတွက် ၎င်း၏ဖခင်ဖြစ်သူကို စွပ်စွဲထားသည်။ မက်ဆီမှာ ဘာစီလိုနာတွင် တစ်နှစ်လုပ်ခ ပေါင် ၈.၅သန်း အသားတင်ရရှိနေသူဖြစ်ပြီး စပွန်ဆာ ၀င်ငွေ ဒေါ်လာ ၂၁သန်း နီးပါးထပ်မံ ရရှိနေသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မက်ဆီက ၎င်း၏တွစ်တာ စာမျက်နှာတွင်“ဒီသတင်းကြားရတဲ့အတွက်
တော်တော်အံသြမိပါတယ်။ အခွန်နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အကြံပေးအဖွဲ့က အမြဲဆောင်ခဲ့သလို ဒီကိစ္စကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် သူတို့လုပ်ရပါလိမ့်မယ်”ဟု ဖော်ပြထားသည်။ သို့သော် အခွန်ရှောင်လွဲခဲ့သည်ဟု စစ်ဆေးတွေ့ရှိပါက မက်ဆီအနေဖြင့် ဆောင်ရန်ကျန်ရှိနေသည့် အခွန်ငွေ၏ လေးဆပေးရမည်ဖြစ်ကာ ထောင်ဒဏ် ၂နှစ်မှ ၆နှစ်အထိ ကျခံရဖွယ်ရှိနေသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်