BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, June 13, 2013

မြန်မာကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ခြင်းနှင့် အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ရေး ဆောင်ရွက်မည်

မန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် စင်ကာပူ ဆက်သွယ်ရေးကုမ္ပဏီ SingTel က မြန်မာနိုင်ငံ အတွက် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Mark Chongက ပြောကြားသည်။
ယခုအခါ ဂြိုဟ်တု လွှတ်တင်ရေး ရှေ့ပြေး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေ ပြီး မြန်မာအစိုးရ ကိုလည်း ပူးပေါင်း ပါဝင်ရန် ကမ်းလှမ်း ထားကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လမ်းကြောင်း သစ်အဖြစ် အင်တာနက် ဆက်ကြောင်းသစ် SE-ME-WE 5 ကေဘယ်လ်နှင့် ချိတ်ဆက်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
"ခုဒီမှာက SE-ME-WE 3 ကေဘယ်လ်တစ်ခု တည်းနဲ့ ချိတ်ထားတာ။ သက်တမ်း ကြာမြင့်ပြီး မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်တတ်တဲ့ ဆက်ကြောင်း တစ်ခုတည်းအပေါ် မှီခိုထားတာ၊ ဆက်သွယ်ရေးတွေ တိုးချဲ့ဖို့ အခက်အခဲ ဖြစ်စေပါတယ်" ဟု Mr. Mark Chong က ဆိုသည်။ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ဝန်ကြီးဌာန၏ ငွေကြေးနှင့် နည်းပညာ အင်အား သက်သက်ဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ဆက်သွယ်ရေး ဖွံ့ဖြိုးမှုအတွက် အဓိကကျသည့် နိုင်ငံပိုင် ဂြိုဟ်တု လွှတ်တင်ရေး အကျိုးတူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။
SingTel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် တစ်နေရာအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇအုပ်စု၊ M-TEL ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် မရရှိပါကလည်း ဆက်သွယ်ရေးလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း M-Tel အမှုဆောင်အရာရှိချုပ် Mr. Jonathan Myo Kyaw Thaung က ပြောကြားသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် ၁၁ ဖွဲ့တွင် မည်သူ ရရှိသည်ဖြစ်စေ ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ဝန်ဆောင်မှုများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုများ အတွက်သာ ကုမ္ပဏီ အဖွဲ့အစည်း လေးခုကို ကန့်သတ် ခွင့်ပြုမည်ဖြစ်သော် လည်း အခြားသော ဆက်သွယ်ရေး ကဏ္ဍအားလုံးတွင် ဝင်ရောက် လုပ်ကိုင်လိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီငါးခုတွင် ပါဝင်သည့် SingTel ကုမ္ပဏီသည် ST-1 နှင့် ST-2 ဂြိုဟ်တုများကို အောင်မြင်စွာ လွှတ်တင် ထားပြီး မြန်မာနိုင်ငံနှင့် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ချိတ်ဆက်စဉ်က ပါဝင် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်