
မစ် ကလပ်ခ် က The Sun သတင်းစာသို့ “ရော်နယ်ဒို ဟာ အသင်းကို ရောက်စက ခန္ဓာကိုယ် သေးငယ် သွယ်လျတဲ့ ကစားသမားပါ။ ဒါပေမယ့် သူဟာ ကြံခိုင်မှု ရရှိဖို့ အတွက် အားကစားခန်းမမှာ အမြဲတမ်း လေ့ကျင့်လေ့ရှိပါတယ်။ ကစားသမား တစ်ယောက် ခြေစွမ်း တိုးတက် အောင်မြင်ဖို့ အတွက် ခန္ဓာကိုယ် အလေးချိန်ကလည်း တစ်စိတ်တပိုင်း ပါဝင် ပတ်သတ်ပါတယ်။ ဝိန်း ကတော့ ဒီလို မဟုတ်ပါဘူး။ သူဟာ ခြေစွမ်းပိုင်းမှာ ရော်နယ်ဒို လို ကစားသမားမျိုး ဖြစ်ပေမယ့် နောက်ပိုင်း သူ့ ကစားပုံဟာ လေးလံနေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ သူဟာ အသင်းရဲ့ အားကစား ခန်းမ ကို လာရောက် လေ့ကျင့်ဖို့ စိတ်မဝင်စားပါဘူး။ သူ့ရဲ့ ခြေစွမ်းကို သူ့စိတ်ဓါတ် နဲ့ ထိန်းသိမ်းထားသူပါ။ သူသာ အားကစား ခန်းမမှာ ခန္ဓာကိုယ် အလေးချိန်ကို သေချာ လေ့ကျင့်ခဲ့မယ်ဆိုရင် ရော်နယ်ဒို လို အဆင့်အတန်းကို ပိုင်ဆိုင်နိုင်မှာပါ။” ဟု ကစားသမား ၂ ဦး အကြား ခြားနားချက်ကို သူ၏ အမြင်ဖြင့် ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။
152 2
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်