ချယ်ဆီး အသင်း၏ ချက် လက်ရွေးစင် ဂိုးသမား ပီတာဆက်ခ်ျ က ယူနိုက်တက် အသင်းမှ ထွက်ခွာဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည့် အင်္ဂလန် ကြယ်ပွင့် တိုက်စစ်မှုး ဝိန်းရွန်နီ အား လန်ဒန် ကလပ်သို့ ပြောင်းရွှေ့လာရန် ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ ရွန်နီ အား ခေါ်ယူရန် ချယ်ဆီး အသင်း အပြင် ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အာဆင်နယ် အစရှိသည့် ကလပ်များမှ စိတ်ဝင်စားနေပြီး ပီတာဆက်ခ်ျ က ရွန်နီ ကဲ့သို့ အံ့ဖွယ် ကစားသမား ကို ချယ်ဆီး နည်းပြသစ် မော်ရင်ဟို အနေဖြင့် အသင်းသို့ ခေါ်ယူရန် အလိုရှိမည် ဖြစ်ကြောင်း၊ ရွန်နီ သာ ချယ်ဆီး အသင်းထံ ပြောင်းရွှေ့ခဲ့ပါက အသင်း၏ မျှော်လင့်ချက်များ ပြည့်ဝလာနိုင်ကြောင်း ပြောကြားခဲ့သည်။ပီတာဆက်ခ်ျ က Sky Sports News သတင်းစာသို့ “ဝိန်း ကို ချယ်ဆီး အသင်း ဝတ်စုံ နဲ့ မြင်တွေ့ချင်ပါတယ်။ သူ့လို ကစားသမားမျိုးဟာ အသင်း ဝတ်စုံ ပြောင်းလဲခဲ့ပေမယ့် ခြေစွမ်း ပြောင်းလဲသွားမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ အောင်မြင်တဲ့ ကစားသမား ဘဝကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ တခါတလေ ပြောင်းလဲမှု တချို့က ကစားသမား ဘဝကို တိုးတက်လာနိုင်ပါတယ်။ သူသာ အသင်းကို ပြောင်းရွှေ့လာမယ်ဆိုရင် ဝမ်းပန်းတသာ ကြိုဆိုနေမှာပါ။” ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်