BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, February 9, 2014

မီယာမီတွင် ဘက်ခမ်း အသင်းတည်ထောင်မည်

ဖလော်ရီဒါတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်
ဘက်ခမ်းက မီယာမီအခြေစိုက်
မေဂျာလိဂ် ကလပ်အသင်းတစ်သင်း တည်ထောင်မည်ဟု အတည်ပြုခဲ့သည်။ မက်ထရိုသတင်းဌာန၏
ဖော်ပြချက်အရ ဘက်ခမ်း တည်ထောင်မည့်အသင်းမှာ ၂၀၁၇ခုနှစ်အထိ မေဂျာလိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု သိရသည်။ သို့သော် ဘက်ခမ်းကမူ ၎င်း၏အသင်းတွင် နာမည်ကျော် ကစားသမားများ ခေါ်ယူသွားမည်ဟု အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
ဘက်ခမ်းက “ ကျွန်တော်တို့ ခေါ်ယူချင်တဲ့ ကစားသမားစာရင်းကို မကြာခင် ဆုံးဖြတ်သွားမှာပါ။ ကျွန်တော် ကံကောင်းမယ်ဆိုရင်တော့ နာမည်ကျော် ကစားသမားတွေ ကိုယ်တိုင်က ကျွန်တော့်ဆီ ဖုန်းဆက်ပြီး (ဒါမှမဟုတ်) မက်ဆေ့ပိုပြီး မီယာမီမှာ ကစားချင်တယ်လို့ ပြောလာကြာမှာပါ”ဟု ပြောခဲ့သည်။ ထို့အပြင် ဘက်ခမ်းက မီယာမီတွင် ကိုယ်ပိုင်အိမ်ကွင်း တည်ဆောက်သွားမည့် အစီအစဉ်ရှိကြောင်း ဖွင့်ဟခဲ့ပြီး မြို့တော်ဝန်နှင့် ဆွေးနွေးနေသည်ဟုလည်း အတည်ပြုခဲ့သည်။ သို့သော် ၎င်း၏ဆရာဟောင်း ဖာဂူဆန်ကို နည်းပြအဖြစ် ပြန်လည်ခေါ်ယူနိုင်ရေးမှာမူ ရယ်စရာကောင်းသည့် မေးခွန်းသာဖြစ်ကြောင်း သတင်းထောက်များအား ပြောခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်