BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, February 9, 2014

လူ့မစင်ဖြင့်လုပ်သော ဆေး အူနှင့်ဆိုင်သည့် ရောဂါ ပျောက်ကင်းစေ

အမေရိကန်မှာ နှစ်စဉ် အူနဲ့ သက်ဆိုင်တဲ့ ရောဂါကြောင့် လူဦးရေ ၁၄၀၀၀ သေဆုံးနေတာကြောင့် အမေရိကန်က ဆေးပညာရှင်တွေ၊ ဆရာဝန် တွေ ခေါင်းစားခဲ့ကြ ပါတယ်။ ၂၀၁၃ အောက်တိုဘာလမှာတော့ အဖြေကောင်း တစ်ခု ရရှိခဲ့ ပါတယ်။ ယင်းကတော့ လူ့မစင်ကို အသုံးပြုလို့ ဆေးဝါးဖန်တီးခြင်းပဲ ဖြစ်ပါတယ်။
လူ့မစင်ကို ဆေးဝါးအဖြစ် ပြုလုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ မစင်က ဘက်တီးရီးယား၊ ပိုးမွားအားလုံးကို သေချာသန့် စင်ပြီး သောက်ဆေး ဆေးတောင့် ဖြစ်အောင် ဖန်တီးခြင်း ဖြစ်ပါတယ်။ ယင်း ဆေးက C-diff လို့ခေါ်တဲ့ အူလမ်းကြောင်းကို ထိခိုက် ပျက်စေသော ပိုးကို သတ်ပေးပါတယ်။ ဒါကြောင့်မို့ အူနဲ့ သက်ဆိုင်တဲ့ ရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှော တို့ကို ပျောက်ကင်း စေပြီး မှီဝဲ သင့်တဲ့ ဆေးစွမ်း ဖြစ်ကြောင်း ဆိုပါတယ်။
မစင်နဲ့လုပ်တယ်ဆိုတဲ့အချက်နဲ့ သောက်ဖို့ ခဲယဉ်းနေသူ အချို့ ရှိပေမယ့် ယင်းဆေးကို သောက်သုံးဖို့ အမေရိကန်က ဆရာဝန်များက ထောက်ခံ ချက် ပေးလို့ တိုက်တွန်းထားကြောင်း သိရ ပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်