BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, June 22, 2011

သမီးကိုအငတ်ထားတဲ့ မိခင်ထောင်ဒဏ် ၂၅ နှစ်ကျ




သမီးကိုအငတ်ထားတဲ့ မိခင်ထောင်ဒဏ် ၂၅ နှစ်ကျ
နယူး မက်ဆီကိုမြို့မှာ နေထိုင်တဲ့ ရေဗက္ကာကို လင်းခရစ် စတီးဟာ အသက် ၂၈ နှစ် အရွယ် တစ်ခုလတ် တစ်ယောက် ရှိပြီး အွန်လိုင်းဂိမ်းကို ကစားခြင်းကို တပ်မက်စွဲလန်းနေသူ တစ်ဦး ဖြစ်ပါတယ်။ သူမဟာ ဘာ အလုပ်မှ မလုပ်ဘဲ World of Warcraft ဂိမ်းကို နေ့စဉ်ရက်ဆက် မနာညးတမ်း ထိုင်ကစားနေတာ ကြောင့် သူမရဲ့သုံးနှစ်အရွယ် သမီးလေး ဘရန်ဒီကိုတောင် အစာမကျွေး နိုင်တော့ဘဲ ဂရုမစိုက်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ဘရန်ဒီလေးဟာ အလေး ချိန် ၂၃ ပေါင်သာရှိပြီး အာဟာရ ချို့တဲ့ပြဿနာတွေ ခံစားနေရပါတယ်။ တစ်နေ့တာမှာတော့ ခရစ်စတီးဟာ ဘရန်စီလေး သတိမေ့မြောနေပြီး အားမရှိ ပျော့ခွေ နေတာကို တွေ့ရှိခဲ့ ပါတယ်။ ဆေးရုံပို့ချိန်မှာ ကလေး ငယ်ဟာ ပြင်းထန်စွာ အာဟာရ ပြတ်လပ်ကာ ပိန်ခြုံးနေပြီး သူမရဲ့ နံရိုး တွေဟာ သူမရဲ့ ခန္ဓာကိုယ်ကနေ ထိုးထွက် နေတာကို ဆရာဝန်များ စမ်းသပ် ခဲ့ကြရပါတယ်။ ဆရာဝန်များ ဟာ ကလေးငယ်ရဲ့ အသက်ကို မကယ်တင် နိုင်တော့ပါဘူး။ ဒီကိစ္စကို လူသတ်မှုလို့ သတ်မှတ် နိုင်တဲ့အတွက် FBI စုံထောက်များက သေချာစုံစမ်း စစ်ဆေး ကြတဲ့အခါ ကလေးငယ်သေ ဆုံးတဲ့နေ့က ခရစ်စတီးဟာ ဂိမ်းကို အဆက်မပြတ် ကစားနေခဲ့ပြီး ဘရန်ဒီ မေ့မြောသွားတာ ကိုတောင် သတိ မထားလိုက်တာကို တွေ့ရှိခဲ့ပါတယ်။ အိမ်မှာ ဘာမှ စားစရာမရှိဘဲ ကလေး ငယ်ဟာ ဆာလောင်လွန်းလို့ ကြောင် စာတွေကို စားသုံးခဲ့ရ တယ်လို့ စုံထောက် များက ခန့်မှန်းထားပါတယ်။ ၃နှစ်ကြာ စုံစမ်း စစ်ဆေး မှုများ ပြုလုပ်ပြီးနောက် မကြာသေးမီက တရားရုံးက ခရစ်စတီးကို ဒုတိယ ဒီဂရီလူသတ်မှု (Second degree murder) နှင့် ကလေးငယ်ကို စွန့်ပစ် မှုကို ကျူးလွန် တယ်လို့ သတ်မှတ်ပြီး ထောင်ဒဏ် ၂၅နှစ် ကျခံရန် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ခရစ်စတီး၏ ကွာရှင်း ထားတဲ့ ယောကျာ်းကိုလည်း မိမိ၏ ရင်သွေးကို လျစ်လျူရှုသည့် အပြစ်ရှိ သည့်အတွက် ဇွန်လ ၂၅ ရက်နေ့မှ စ၍ ထောင်ဒဏ် ၃နှစ်ကျခံရန် ချမှတ် ခံခဲ့ရပါတယ်။



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်