BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, June 22, 2011

ဘန်ကီမွန်း ကုလအတွင်းရေးမှူးချုပ် ရာထူး ပြန်ရွေးခံရ



 
ဘန်ကီမွန်း ကုလအတွင်းရေးမှူးချုပ် ရာထူး ပြန်ရွေးခံရ
 
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၄၂ မိနစ်

      ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ဒုတိယ ငါးနှစ်သက်တမ်းတွင် ဆက်လက် တာဝန်ထမ်းဆောင်ရန် အင်္ဂါနေ့တွင် ရွေးချယ် ခန့်အပ်လိုက်သည်။

ဒုတိယ ငါးနှစ်သက်တမ်း ဆက်လက် ထမ်းဆောင်ရန် ရွေးချယ်ခံရပြီးနောက် ဘန်ကီမွန်းက သတင်းထောက်များသို့ နယူးယောက်မြို့၌ ပြောကြားရာ " ကျနော်တို့ အောင်မြင်ခဲ့တာတွေ အတွက် ကျနော်တို့ ဂုဏ်ယူနိုင်ပါတယ်။ ခုချိန်ထိ တိုးတက်လာမှုတွေကို ကျနော်တို့ အနေနဲ့ ဂုဏ်လည်း ယူသင့်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရှေ့ဆက်ပြီး အများကြီး လုပ်ရပါဦးမယ်၊ လူပေါင်း မြောက်များစွာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်" ဟု ဆိုခဲ့သည်။

"ကုလသမဂ္ဂက သက်ဆိုင်တဲ့ ပြဿနာတွေကို ခုလောက်
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ဒုတိယ ငါးနှစ်သက်တမ်းတွင် ဆက်လက် တာဝန်ထမ်းဆောင်ရန် ရွေးချယ် ခန့်အပ် (ဓါတ်ပုံ မဇ္ဈိမ) ...
ကူညီဖြေရှင်းပေးရမယ့် အချိန် ကြုံခဲ့သလို ကုလသမဂ္ဂကို ခုလောက် လိုအပ်နေတဲ့ အချိန်လည်း မရှိသေးပါဘူး" ဟုလည်း မစ္စတာ ဘန်ကီမွန်းက ဆက်လက် ပြောဆိုခဲ့သည်။

တောင်ကိုရီးယား နိုင်ငံသား၏ ပထမ ငါးနှစ်သက်တမ်းအတွင်း
မြန်မာနိုင်ငံတွင် ၂ဝဝ၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေး၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီး မြန်မာစစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ပြုမူမှုနှင့် ၂ဝ၁ဝခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ စသည့် အဓိက နိုင်ငံရေး အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့သည်။

ဘန်၏ ပထမ ရာထူးသက်တမ်းတွင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သလို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အတွက် မြန်မာ့အရေးသည် အမြဲစိန်ခေါ်နေသည့် ကိစ္စတရပ်လည်း ဖြစ်နေခဲ့သည်။

၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလအတွင်းက မစ္စတာဘန်ကီမွန်းသည်
မြန်မာနိုင်ငံအနေဖြင့် ကုလက သတ်မှတ်ပြဋ္ဌာန်းထားသည့်
အချက်အလက်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်း မရှိဟုဆိုကာ
အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သေးသည်။

ယခုလောလောဆယ် အချိန်တွင် ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ရာထူးနေရာမှာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာတွင် နိုင်ဂျီးရီးယား သံတမန် မစ္စတာ ဂမ်ဘာရီ ဆက်လက် တာဝန် ထမ်းဆောင်ခြင်း မရှိတော့သည့် နောက်ပိုင်း လစ်လပ်လျက် ရှိနေဆဲ ဖြစ်ပြီး ဘန်ကီမွန်း၏ အရာရှိချုပ် ဗီဂျေး နမ်ဘီးယားက မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိအဖြစ်ဖြင့် ယာယီ တာဝန်ထမ်းဆောင်နေသည်။

လူပေါင်း တသိန်းလေးသောင်း ခန့် သေဆုံးခဲ့ကာ ၂.၄ သန်းခန့် ဒုက္ခရောက်ခဲ့ကြရသည့် နာဂစ်မုန်တိုင်း အပြီးတွင် မြန်မာနိုင်ငံအတွင်း မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ကြရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး အလုပ်များ ဝင်ရောက်လုပ်ကိုင်ခွင့် ရရန်အတွက် နိုင်ငံတကာ အားထုတ်မှုကို ဘန်ကီမွန်းက ဦးဆောင်ခဲ့သည်။

မုန်တိုင်းအပြီး သုံးပတ်ခန့် အကြာ ၂ဝဝ၈ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ဘန်ကီမွန်းသည် ရန်ကုန်မြို့တွင် အာဆီယံ-ကုလသမဂ္ဂ နိုင်ငံတကာ ကွန်ဖရန့်သို့ တက်ရောက်ခဲ့ပြီး မြန်မာ၊ အာဆီယံနှင့် ကုလသမဂ္ဂတို့ ပါဝင်သည့် သုံးပွင့်ဆိုင် အဖွဲ့ကို မုန်တိုင်းဘေးမှ ပြန်လည်ထူထောင်ရေး လုပ်ကိုင်ရန် စုစည်းပေးနိုင်ခဲ့သည်။ အစပိုင်းတွင် သုံးပွင့်ဆိုင် အဖွဲ့အနေဖြင့် အောင်မြင်မှုရခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာအစိုးရ၏ အဟန့်အတားများကြောင့် လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်၍ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ မစ္စတာဘန်ကီမွန်းသည် ကုလအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းကို တာဝန်ထမ်းဆောင်မည် ဖြစ်သည်။ မစ္စတာဘန်သည် ရှစ်ဦးမြောက် ကုလအတွင်းရေးမှူးချုပ်လည်း ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခွင့်ကို အများဆုံး သက်တမ်းမည်မျှအထိ ထမ်းဆောင်ခွင့် ရှိသည်ဟု တရားဝင် ကန့်သတ်ထားခြင်း မရှိသော်လည်း ယခုအချိန်အထိ မည်သူမျှ သက်တမ်းနှစ်ကြိမ်ထက် ပို၍ ခန့်အပ်ခံရခြင်း မရှိသေးပေ။
__._,_.___
Recent Activity:
    .

    __,_._,___



    --
    ဖိုးခိုင်
    Czech Republic

    Stumble
    Delicious
    Technorati
    Twitter
    Facebook
    Yahoo
    Reddit
    Feed

    0 comments:

    Post a Comment

    ရေးချင်တာလေးတွေရေးရအောင်