Science
၂၀၁၅ တွင် အင်တာနက်ချိတ်ဆက် သုံးစွဲသည့် ကိရိယာပေါင်း ၁၅ ဘီလျံရှိလာနိုင်
မိုဘိုင်းလ်ဖုန်းများ၊ Tabletကွန်ပျူတာများ သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် ယခုအခါ ကမ္ဘာပေါ်တွင် အင်တာနက် ချိတ်ဆက်သုံးစွဲနေသော ကိရိယာ (၅)ဘီလျံ ကျော်နေပြီဖြစ် ......
(၂၀၁၅)ခုနှစ်တွင် အင်တာနက် ချိတ်ဆက်သုံးစွဲနေသော ကိရိယာပေါင်း (၁၅)ဘီလျံမျှ ရှိလာနိုင်သည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်းပြောကြားလိုက်သည်။ မိုဘိုင်းလ်ဖုန်းများ၊ Tabletကွန်ပျူတာများ သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် ယခုအခါ ကမ္ဘာပေါ်တွင် အင်တာနက် ချိတ်ဆက်သုံးစွဲနေသော ကိရိယာ (၅)ဘီလျံ ကျော်နေပြီဖြစ်သည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ လျင်မြန်စွာ ဖြစ်ထွန်းနေသလို အင်တာနက် တိုက်ရိုက်ချိတ်ဆက်နိုင်သည့် မော်တော်ကားများ၊ ရုပ်မြင်သံကြားလိုင်းများ ပေါ်ပေါက်လာခြင်းကြောင့်လည်း လာမည့်(၄)နှစ်အတွင်း အင်တာနက် ချိတ်ဆက်အသုံးပြုသည့် ကိရိယာများ ၀ယ်ယူအသုံးပြုမှု တစ်ဟုန်ထိုး တိုးတက်လာမည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

Cisco၏ Visual Networking Indexက (၂၀၁၅)ခုနှစ်တွင် တစ်ကမ္ဘာလုံး တစ်လ အင်တာနက်သုံးစွဲမှု Trafficသည် 80 exabyte ရှိလာမည်ဟု ခန့်မှန်းခဲ့သည်။ (၂၀၀၄)ခုနှစ်က တစ်လလျင် 1 exabyteသာ ရှိသည်။ (1 exbyteသည် gigabyte တစ်ဘီလျံနှင့် ညီမျှသည်) "ဒါဟာ မျိုးဆက်တစ်ခု ပြောင်းသွားသလို ကိစ္စမျိုးပါ။ အင်တာနက်ကို တောက်လျှောက်ချိတ်ဆက်ထားတဲ့ လူနေမှုစနစ်နဲ့ မျိုးဆက်တစ်ခုပေါ့"ဟု Cisco၏ ဒုတိယ ဥက္ကဌတစ်ဦးဖြစ်သူ ဆာ့ဂ်ျရှက်တီက ပြောကြားခဲ့သည်။ (၂၀၁၅)ခုနှစ်တွင် ကမ္ဘာ့လူဦးရေ အများစုသည် အင်တာနက်ကို မည်သို့မည်ပုံ ချိတ်ဆက်ရမည်ကို အလွယ်တကူ သိရှိထားသော ဗဟုသုတမျိုး ရှိနှင့်ပြီး ဖြစ်လိမ့်မည်ဟုလည်း ရှက်တီက ခန့်မှန်းခဲ့သည်။ ထို့အပြင် Ciscoသည် အသစ်ဖန်တီးထားသော IPv6က အင်တာနက် သုံးစွဲမှု ပမာဏကို မြင့်တက်လာစေမည်ဟုလည်း ရှက်တီကဆိုသည်။ IPv6အတွက် Ciscoသည် Verizon၊ Yahoo၊ Google၊ Facebook၊ TimeWarnerနှင့် Comcastတို့ကို စုရုံးကာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုနည်းပညာသစ်သည် ၀က်ဘ်ဆိုက်များကို မြန်နှုန်းမြင့်မြင့် ချိတ်ဆက်နိုင်မှုနှင့် ကွန်ရက်အမျိုးမျိုးတို့ကို ထောက်ပံ့နိုင်မှု ရှိမရှိ စမ်းသပ်ရန် နည်းပညာ ကုမ္ပဏီများ စုရုံးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Source: DailyMail

Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်