BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, July 30, 2011

Facebook နှင့် Google+ အားပြိုင်မှု အလွန်ပြင်းထန်လာနိုင်

Facebook နှင့် Google+ အားပြိုင်မှု အလွန်ပြင်းထန်လာနိုင်
Social Networking ၀န်ဆောင်မှု ကဏ္ဍတွင် ထိပ်ဆုံးမှ ဦးဆောင်နေသော Facebookနှင့် Googleက အသစ်တင်ဆက်လိုက်သည့် Google+တို့သည် ယှဉ်ပြိုင်မှုသည် အလွန် ခါးသီး ပြင်းထန်လိမ့်မည်

Facebookနှင့် Google+တို့၏ အားပြိုင်မှုသည် သူသေကိုယ်သေ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ကြောင်း LinkedIn၏ အမှုဆောင်ချုပ်က ပြောကြားလိုက်သည်။ ဂျက်ဖ်ဝီနာက Social Networking ၀န်ဆောင်မှု ကဏ္ဍတွင် ထိပ်ဆုံးမှ ဦးဆောင်နေသော Facebookနှင့် Googleက အသစ်တင်ဆက်လိုက်သည့် Google+တို့သည် ယှဉ်ပြိုင်မှုသည် အလွန် ခါးသီး ပြင်းထန်လိမ့်မည်ဟု သုံးသပ်ခဲ့သည်။

Twitterသည်လည်း အောင်မြင်သော Social Networking မီဒီယာ တစ်ခုအဖြစ် ရပ်တည်နေသည့်တိုင် Facebookနှင့် Google+တို့သည် ရပ်တည်မှု တစ်ခုအတွက် ပိုမို အကြိတ်အနယ် ကြိုးပမ်းလိမ့်မည်ဟု ၀ီနာက ပြောဆိုသွားသည်။ "Google+ကို စသုံးပြီးတာနဲ့ သဘောကျ နှစ်သက်မိပါတယ်။ သူတို့ဟာ Facebookနဲ့ အပြိုင်အဆိုင် ဖြစ်လာမှာပါ။ Twitterဟာ အဓိက Platformအနေနဲ့ LinkedInကို သုံးနေသလို Facebook၊ Google+ နှစ်ခုလုံးနဲ့လည်း ၀န်ဆောင်မှု ကွဲပြားပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။ မကြာသေးမီက YouTube၊ Wikipedia၊ Twittrနှင့် MySpaceတို့ အပါအ၀င် လူအများ ဆက်သွယ်ချိတ်ဆက်နေသော ၀က်ဘ်ဆိုက်များနှင့် ပတ်သက်ပြီး ForeSeeက စစ်တမ်းတစ်ခု ကောက်ခံခဲ့ရာ Facebook၏ လုပ်ဆောင်ချက်များအပေါ် ပရိသတ်၏ စိတ်ကျေနပ်မှု အဆင့်တွင် Facbookက နောက်ဆုံးရောက်နေကြောင်း သိရှိရသည်။

Facebookသည် စုစုပေါင်း ရမှတ်(၁၀၀)အနက် (၆၆)မှတ်သာ ရရှိခဲ့သည်။ ယင်းရမှတ်သည် ဆိုးရွားသော အခြေအနေတွင် မရှိသော်လည်း အခြား နာမည်ကျော် ၀က်ဘ်ဆိုက်များအပေါ် လူအများ၏ စိတ်ကျေနပ်မှုမှာ Facebookထက် မြင့်မားလျက် ရှိသည်။ Foresee၏ အမှုဆောင်ချုပ် လယ်ရီဖရိဒ်က "Facebookဟာ Socialမီဒီယာ လောကမှာတော့ လက်ရှိမှာ ဘုရင်ပါပဲ။ ဒါပေမယ့် သူ့ကို နန်းချနိုင်မယ့်သူမျိုး ပေါ်လာပြီဆိုရင် သံသယ မရှိပါနဲ့၊ အဲဒါ Googleပဲ ဖြစ်မှာပါ"ဟု ပြောကြားသွားသည်။

Source: tgdaily
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်