
သနပ်ခါးပါးကွက်ကျားနှင့် လေးနှစ်အရွယ် ကလေးငယ်လေး တစ်ယောက်က 'မြန်မာမီနီဆလွန်း' ကား အဝါလေးရှေ့တွင် ဓာတ်ပုံ အရိုက်ခံနေသည်။ နေပြည်တော် လယ်ဝေးမှလာသော ကလေးဟု သိရ ၏။ နောက်ထပ် ငါးနှစ်အရွယ် ကောင်လေးတစ်ဦးကလည်း ချစ် စရာကားအနီလေးရှေ့မှာ သူ့ကို ဓာတ်ပုံ ရိုက်ပေးပါဟု သူ့မိဘတွေကို ပူဆာနေသံ ကြားရ၏။ ကလေးရော လူကြီးရော ဝိုင်းဝိုင်းလည် ကြည့်ရှု တပ်မက်နေကြသော 'မြန်မာမီနီ ဆလွန်း'သည် 'မြန်မာ့စက်မှုထုတ် ကုန်ပြပွဲ ၂ဝ၁၁' တွင် ရေပန်းအစား ဆုံး စူပါစတားဖြစ်နေသည်။ 'မြန်မာ့ စက်မှုထုတ်ကုန်ပြပွဲ ၂ဝ၁၁' ကို ၂၂-၇-၂ဝ၁၁ နေ့က နေပြည် တော်ရှိ 'မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန' (MICC) တွင် ၅ ရက်တိုင် ကျင်းပခဲ့၏။ ပြပွဲတွင် အမှတ်(၁) စက်မှုဝန်ကြီးဌာန လက် အောက်ရှိ လုပ်ငန်းဌာနများမှ စက်မှု ထုတ်ကုန်ပစ္စည်း အမယ်ပေါင်း ၈၉၃ မျိုး၊ အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော လူစီးမော်တော် ယာဉ်များ၊ ကုန်တင်ယာဉ်ကြီး များ၊ လုပ်ငန်းသုံးစက်ယန္တရားကြီးများ၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ၊ အင်ဂျင်အမျိုးမျိုး၊ တာယာ အမျိုးမျိုး အပါအဝင် စက်မှုထုတ်ကုန် ၇၂ မျိုးကို ပြသထားသည်။ MICC ရှေ့ တွင် ကားတွေ တန်းစီရပ် ထားကာ ပြပွဲကြည့်လာသူ ပရိသတ် အုတ် အုတ်သဲသဲဖြင့် စည်ကားလှ၏။ နေ့စဉ် ပရိသတ်သုံးသောင်းကျော် လာရောက်ကြည့်ရှုကြသည်ဟု ဆို၏။ ကျွန်တော်တို့ ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းများမှ စာနယ်ဇင်း သမားများကိုလည်း ၂၆-၇-၂ဝ၁၁ နေ့က အမှတ်(၂)စက်မှုဝန်ကြီးဌာန ဖိတ်ကြား၍ ပြပွဲသို့သွားရောက် ကြည့်ရှုခွင့်ရခဲ့ သည်။ ကျွန်တော်တို့ စာနယ်ဇင်းသမားများက စက်မှု(၂) ထုတ် MRL မြန်မာရွိုင်ရယ် ၁၂ ယောက်စီးကားသစ် နှစ်စင်းဖြင့် နေပြည်တော်သို့ သွားကြရ၏။ "လူကြိုက် များနေတဲ့ မြန်မာ မီနီဆလွန်းတွေကို ဘယ်လောက် အရေအတွက် ရောင်းချပြီးပြီလဲ" ဆိုသော စာနယ်ဇင်းသမားတစ်ဦး၏ အမေးကို သက်ဆိုင်ရာတာ ဝန်ရှိသူ က "ခုထိ စီးရေ သုံးရာလောက် ရောင်းပြီးပါပြီ" ဟု ဖြေကြားသည်။ မြန်မာမီနီဆလွန်းကားသည် ပုံစံ လှပပြီး ရောင်းဈေးကလည်း ကျပ် ၅၅ သိန်းသာရှိသဖြင့် ဝယ်ယူလိုသူ များပြားလှ၏။ "ခုထိ လျှောက်လွှာပေါင်းက သုံးသောင်းကျော် ရှိနေပါပြီ။ ဝယ် ချင်သူများနေတဲ့အတွက် စိစစ်ပြီး ရောင်းနေရပါတယ်။ အငြိမ်းစားဝန် ထမ်းရော၊ အနုပညာရှင်ရော၊ နိုင်ငံ ရေးနယ်ပယ်က ပုဂ္ဂိုလ်ရော၊ ကုန် သည်ရော လူတန်းစားအလွှာအသီး သီးကို ရောင်းပေးနေပါတယ်။ လျှောက်ထားသူအားလုံး တစ်ချိန် ချိန်မှာ အကုန်ရသွားနိုင်ကြပါလိမ့် မယ်" ဟူသော အဖြေစကားကို လည်း ကြားရ၏။ မကြာမီ ရောင်းချရန်စီစဉ်ထား သည့် 'မြို့တော်ဘတ်စ်ကား' (City Bus) ကလည်း ခရီးသည် ၃၅ ယောက်စီးဖြစ်ကာ မော်ဒယ်ပုံစံက ဆန်းသစ်လှပနေသည်။ မြန်မာပြည် လမ်းများတစ်လျှောက် စက်မှု(၂)၏ စီးတီးဘတ်စ်များဖြင့် တင့်တယ် ခန့်ထည်တော့မည့် မြင်ကွင်းကို မှန်းမျှော်စိတ်ကူးရင်း ကြည်နူးမိ၏။ ဟဲဗီးဂျူတီတာတာ (၆ ထ ၂)နှင့် (၆ ထ ၄) ကားကြီးများလည်း ပြသ ထားသည်ကို တွေ့ရသည်။ တီအီး -၂၁ မီးသတ်ယာဉ်များလည်း စက်မှု(၂)၏ လက်စွမ်းပြထုတ်လုပ် ထားမှုပင်ဖြစ်သည်။ အမှတ်(၂) အထွေထွေအကြီးစား စက်မှုလုပ် ငန်းမှ ထုတ်လုပ်သော တာဘိုင် အင်ဂျင်များ၊ ဒီဇယ်အင်ဂျင် မီးစက် များကိုလည်း တောင်သူလယ် သမားတွေ ဝိုင်းအုံငေးမောနေကြ၏။ အိမ်ရှင်မအများစုကမူ 'မောင်မြန်မာ အပ်ချုပ်စက်' များနားတွင် တရစ်ဝဲဝဲ ရှိနေကြ၏။ စက်ခေါင်းသပ်သပ် ကျပ်နှစ်သောင်းကျော်တန် စက်ခြေ ထောက်အပါအဝင် ကျပ်ငါးသောင်း ကျော်မို့ ဈေးနှုန်း ကသက်သာလှ၏။
တကယ်တော့ 'မြန်မာ့စက်မှု ထုတ်ကုန်ပြပွဲ ၂ဝ၁၁' သည် နိုင်ငံ ပိုင်စက်ရုံထုတ်ကုန်များ၏ အရည် အသွေးအဆင့်အတန်း တိုးတက် ပံ့ပိုးမှုဖြစ်စေရုံမက ဈေးကွက်ချဲ့ထွင် တိုးတက်ရေးကိုပါ မျှော်မှန်းနိုင်သည့် ရည်ရွယ်ချက် အထမြောက်သည် ဟု ဆိုရပါသည်။
PN-999

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်