![]()
ရီးယဲလ်မက် ဒရစ်မှ ရော်နာဒိုက ရီးယဲလ် အသင်း အနေဖြင့် နည်းပြ မော်ရင်ညို၏ လက်အောက်တွင် မည်သည့် ဆုဖလားမျိုး ကိုမဆို ရယူပြချင်နေ ကြသည်ဟု ပြောသွားခဲ့သည်။ ရော်နာဒိုမှာ မော်ရင်ညို လက်အောက် တွင် စပိန်ကို ပါဒယ်ရေး ဖလား တစ်လုံးသာ ရရှိဖူးသေး သဖြင့် အောင်မြင်မှုများကို မော်ရင် ညိုနှင့်အတူ ပိုမိုရရှိလိမ့်မည် ဟုလည်း ယုံကြည် လျက်ရှိသည်။ ရော်နာဒိုက “မော်ရင်ညိုရဲ့ လက်အောက်မှာ အသင်းဟာ အများကြီးအား ကောင်းလာ ပါပြီ၊ ဒါကို ဘယ်သူမှ သံသယ ရှိစရာ မလိုပါဘူး၊ သူဟာ နည်းပြတစ်ယောက် မွေးဖွားလာတဲ့သူပါ၊ သူ့ရဲ့ ပြုမူ လှုပ်ရှားပုံတွေ ပြောဆိုခဲ့တာ တွေအား လုံးဟာ ကျွန်တော်တို့ အတွက်ပါပဲ၊ သူဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အောင်မြင်မှုတွေရ အောင်ယူပြနိုင်တဲ့ သူပါပဲ၊ သူနဲ့အတူလက်တွဲရတာလည်း ကျွန်တော် ပျော်ပါတယ်၊ သူဟာ ကမ္ဘာ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ဖြစ်လို့ သူ့ လက်အောက်မှာ ကစားပြီး ဆုဖလားတွေအများ ကြီး ရယူပြချင် နေပါပြီ” ဟု ပြောသွားခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းမှာ ၂၀ဝ၈ ခုနှစ် တွင် လာလီဂါချန်ပီယံဆုကို ရရှိခဲ့ပြီး နောက် ဆုဖလား များနှင့်ဝေးနေခဲ့ရပြီး မော်ရင်ညို ရောက်လာမှ ပြီးခဲ့သည့် ရာသီတွင် ကိုပါဒယ် ရေးဖလားကို ပြန်ယူနိုင် ခဲ့ခြငူ်းဖြစ်သည်။ လက်ရှိအချိန်တွင်လည်း လာလီဂါအမှတ်ပေး ဇယားကို ဦးဆောင်နေနိုင်ပြီး အသင်းကစား ပုံမှာ လည်း ပြီးခဲ့သည့် ရာသီထက် တိုးတက် မှုရှိနေ၍ အောင်မြင်မှုများ ရလိမ့်မည်ဟု အသင်း သားများအားလုံးက မျှော်လင့် နေကြသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်