![]()
ပြီးခဲ့တဲ့ အပြောင်း အရွှေ့ ဈေးကွက် မှာ ရုရှားကလပ် အန်ဇီကို ကမ္ဘာ့ စံချိန်တင် လစာကြေး တစ်နှစ် ယူရို သန်း ၂၀ နဲ့ ပြောင်းရွှေ့ သွားခဲ့တဲ့ အီတူးက သူ အန်ဇီမှာရမယ့် လစာငွေ တွေရဲ့ အများစုကို အာဖရိက လူငယ်တွေ အတွက် အသုံးချသွားဖို့ ရည်ရွယ် ထားကြောင်း ပြောပြသွား ခဲ့ပါတယ်။ အီတူးက “ကျွန်တော် ဒီမှာရတဲ့လစာငွေတွေ ကို အာဖရိက တိုက်ထဲမှာ ရှိတဲ့ ကလေးသူငယ် တွေအတွက် သုံးစွဲသွားမယ် ဆိုတာကို ယုံ ကြည် စေချင်ပါတယ်၊ ကျွန်တော့် အနေနဲ့ ကမ္ဘာပေါ်မှာ အဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခု ကိုလုပ်နေတာပါ၊ အာဖရိက တိုက် အတွင်း မှာရှိတဲ့ ပြည်သူတွေ ကလည်း ကျွန်တော့်ရဲ့ စာချုပ်အတွက် ဂုဏ်ယူနေကြပါတယ်၊ အသင်း သစ်မှာလည်း ကစားဖော် သစ်တွေနဲ့ အဆင် ပြေပါတယ်၊ကျွန်တော်ဟာ အသင်း တစ်သင်း ရဲ့ကစားသမား တစ်ယောက်ဖြစ်လို့ အားလုံး နဲ့ အဆင်ပြေ အောင်ကြိုးစားပြီး အသင်း အောင်ပွဲရဖို့ကိုပဲ မျှော်လင့်ထားပါတယ်” လို့ ပြောသွား ခဲ့ပါတယ်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်