ပြည်တွင်းမှာ ဘယ်လိုအောင်မြင်မှုမျိုးတွေ ရယူနိုင် ခဲ့သလဲသိချင်ပါတယ်။
၂၀၁၁ ကျောင်းပေါင်းစုံ ဝူရှူးပြိုင်ပွဲမှာ စွယ်စုံပထမဆုရရှိခဲ့ပြီး အဖွဲ့ချုပ်ရဲ့ သွေးသစ် လက်ရွေးစင် အဖြစ် စတင် ရွေးချယ်ခံခဲ့ရတာ ပါ၊ ၂၀ဝ၃ ခုနှစ်မှာတော့ ပဏာမ လူငယ် လက်ရွေးစင်အဖြစ် ရွေးချယ် ခံခဲ့ရပါတယ်။
ပထမဆုံး နိုင်ငံလက်ရွေးစင်ပြိုင်ပွဲနဲ့ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့မှု အကြောင်း ကိုလည်း ပြောပြ ပေးပါဦး။
၂၀ဝ၄ ခုနှစ်မှာ တရုတ်နိုင်ငံလူငယ်ဝူရှူး ပြိုင်ပွဲမှာ နိုင်ငံတကာပွဲအဖြစ်ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ၂၀ဝ၆ ခုနှစ်မှာ ပဏာမဝူရှူး လက်ရွေးစင် ဖြစ်လာခဲ့ပါတယ်၊ ဆီးဂိမ်းပြိုင်ပွဲနဲ့ ပက်သက် လို့ကတော့ ၂၀ဝ၇ ဆီးဂိမ်းမှာ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ချန်းချွမ်၊ကျန့်၊ လှံရှည်၊ သွေ့လျန့် အားကစား နည်းသုံးမျိုးကို အဓိက ယှဉ်ပြိုင်ခဲ့ ပါတယ်၊ အဲဒီထဲကမှ သွေ့လျန့်ကနေ ကြေး တံဆိပ်ဆု ဆွတ်ခူး နိုင်ခဲ့ပါတယ်၊ ၂၀ဝ၉ ခုနှစ် ၂၅ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာတော့ ချန်း ချွမ်နဲ့ ကျန့်ကစားနည်း တွေကနေ ငွေတံဆိပ်၊ သွေ့လျန့်ကနေ ငွေတံဆိပ် ထပ်မံဆွတ်ခူးပေး နိုင်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ၁၆ ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲမှာလည်း ချန်း ချွမ်ကနေ ငွေတံ ဆိပ်ဆု ရရှိခဲ့ပါတယ်။
လာမယ့်အင်ဒိုနီးရှားဆီးဂိမ်းအတွက်ဘယ်လိုတွေပြင်ဆင် ထားလဲ၊ဘယ်အားကစားနည်းတွေဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါသလဲ။
လာမယ့် အင်ဒိုနီးရှား ဆီးဂိမ်းအတွက် တရုတ်နိုင်ငံကနေ နည်းပြဆရာမတစ်ဦးငှား ရမ်းထားပြီး မြန်မာနည်းပြဆရာတွေနဲ့ပေါင်းကာ ဝူရှူးအားကစားနည်းအစုံအလင်အတွက် အပြင်း အထန် လေ့ကျင့်နေပါတယ်၊ စက်တင်ဘာလထဲ မှာ တရုတ်နိုင်ငံ ဂူဟန့်မြို့ကို သွားရောက်ပြီး တရုတ်ဝူရှူးကစားသမားတွေနဲ့ ပူးတွဲလေ့ကျင့်ဖို့ လည်း အဖွဲ့ချုပ်က စီစဉ်ပေး ထားပါတယ်။
ဆီးဂိမ်းမှာ ဘယ်လိုအောင်မြင်မှုတွေမျှော်လင့်ထားသလဲ။
လာမယ့် အင်ဒိုဆီးဂိမ်းမှာ ဝူရှူးအားကစား နည်း နှစ်မျိုးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အနည်း ဆုံးရွှေတံဆိပ်ဆုတစ်ခုတော့ရအောင် အပြင်း အထန်ကြိုးစားလေ့ကျင့်နေပါတယ်။
ပရိသတ်တွေကို ဘာများ ပြောချင်ပါသလဲ။
လာမယ့် အင်ဒိုနီးရှားဆီးဂိမ်းမှာ မြန်မာ နိုင်ငံအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင် မယ်လို့ ယုံကြည်ထားပြီး နိုင်ငံတော်အတွက် ရွှေ တံဆိပ်ဆုတွေ ဆွတ်ခူးပေးသွားချင်ပါတယ်၊ အား ကစားနဲ့ မြန်မာနိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်ပေးမှာပါ။
အမည် - မစန္ဒီဦး
ယှဉ်ပြိုင်မည့် အားကစား - ဝူရှူး
ဝန်ကြီးဌာန - ပို့ဆောင်ရေး(မြန်မာ့မီးရထား)
ဆုတံဆိပ်ရရှိခဲ့မှု - ၂၀ဝ၇ ဆီးဂိမ်း(ကြေး ၁ ခု)
- ၂၀ဝ၉ ဆီးဂိမ်း(ငွေ ၂ ခု)
- ၁၆ ကြိမ်မြောက်
အာရှအားကစားပြိုင်ပွဲ(ငွေ ၁ ခု)
ယှဉ်ပြိုင်မည့် အားကစား - ဝူရှူး
ဝန်ကြီးဌာန - ပို့ဆောင်ရေး(မြန်မာ့မီးရထား)
ဆုတံဆိပ်ရရှိခဲ့မှု - ၂၀ဝ၇ ဆီးဂိမ်း(ကြေး ၁ ခု)
- ၂၀ဝ၉ ဆီးဂိမ်း(ငွေ ၂ ခု)
- ၁၆ ကြိမ်မြောက်
အာရှအားကစားပြိုင်ပွဲ(ငွေ ၁ ခု)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်