| Monday, 19 September 2011 10:59 |
အင်္ဂလန်လက်ရွေးစင်နှင့် ချယ်လ်ဆီးအသင်းတို့မှ နာမည်ကျော် ကစားသမား နှစ်ဦးဖြစ်သည့် ဂျွန်တယ်ရီနှင့် ဖရန့်ခ်လမ်းပတ်တို့သည် လူနာတင် လေယာဉ်ဝယ်ယူရန် ရည်ရွယ်သော ရန်ပုံငွေ တစ်ရပ်အတွက် ပါဝင်ကူညီခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် လက်မှတ်ထိုးထားသော ဘောလုံးကန်ဖိနပ် တစ်ရန်စီကို လှူဒါန်းပြီး ယင်းတို့ကို Onlineမှတဆင့် လေလံတင် ရောင်းချသွားမည်ဖြစ်သည်။ Umbro၏ Special Revolutionအမျိုးအစား ဖိနပ်နှင့် Adidas၏ Adipureတစ်ရန်စီကို ၎င်းတို့က ပေးအပ်ခဲ့ပြီး eBayမှတဆင့် လေလံတင်သွားမည်ဖြစ်သည်။ တယ်ရီ၏ ဖိနပ်တွင် ၎င်း၏ ချယ်လ်ဆီးအသင်းတွင် ၀တ်ဆင်သော နံပါတ် (၂၆)ကို ထည့်သွင်းဖော်ပြထားသလို သမီးနှစ်ဦးဖြစ်သည့် ဂျော်ဂျီနှင့် ဆမ်မာတို့၏ အမည်များကိုလည်း ရေးထိုးထားသည်။ လမ်းပတ်၏ ဖိနပ်မှာ (၂၀၀၈/၀၉) ဘောလုံးရာသီ FAရှုံးထွက်ဖလား ဗိုလ်စွဲစဉ်က ၀တ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး အဖြူရောင် ဖိနပ်ပေါ်တွင် Luna 8၊ Isle 8နှင့် Mumဟူသော စာလုံးများ ရေးထားသည်။ ချယ်လ်ဆီးအသင်း တာဝန်ရှိသူ တစ်ဦးက “တယ်ရီနဲ့ လမ်းပတ်တို့ဟာ ကန့်၊ ဆာရေးနဲ့ ဆက်ဆက်စ်တို့မှာ လေကြောင်း လူနာတင်ယာဉ်စနစ် ထူထောင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်လှူဒါန်းခဲ့ပါတယ်။ သူတို့ရဲ့ ဖိနပ်တွေကို လေလံတင် ရောင်းချပြီး ရလာတဲ့ ငွေတွေကို ရန်ပုံငွေအတွက် လွှဲအပ်ပေးမှာပါ”ဟု ပြောကြားခဲ့သည်။ ယခုရန်ပုံငွေအတွက် Big Brother အစီအစဉ်မှူး ဒါဗီနာမက်ကောလ်ကလည်း ပေါင်စတာလင် (၅၀၀) ထည့်ဝင်လှူဒါန်းခဲ့သေးကြောင်း သိရသည်။ |
Thursday, September 22, 2011
တယ်ရီနှင့်လမ်းပတ်တို့က လူနာတင်လေယာဉ်ဝယ်ယူရန် ပါဝင်ကူညီ
Labels:
ဘောလုံးသတင်း
Subscribe to:
Post Comments (Atom)

အင်္ဂလန်လက်ရွေးစင်နှင့် ချယ်လ်ဆီးအသင်းတို့မှ နာမည်ကျော် ကစားသမား နှစ်ဦးဖြစ်သည့် ဂျွန်တယ်ရီနှင့် ဖရန့်ခ်လမ်းပတ်တို့သည် လူနာတင် လေယာဉ်ဝယ်ယူရန် ရည်ရွယ်သော ရန်ပုံငွေ တစ်ရပ်အတွက် ပါဝင်ကူညီခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် လက်မှတ်ထိုးထားသော ဘောလုံးကန်ဖိနပ် တစ်ရန်စီကို လှူဒါန်းပြီး ယင်းတို့ကို Onlineမှတဆင့် လေလံတင် ရောင်းချသွားမည်ဖြစ်သည်။ Umbro၏ Special Revolutionအမျိုးအစား ဖိနပ်နှင့် Adidas၏ Adipureတစ်ရန်စီကို ၎င်းတို့က ပေးအပ်ခဲ့ပြီး eBayမှတဆင့် လေလံတင်သွားမည်ဖြစ်သည်။ တယ်ရီ၏ ဖိနပ်တွင် ၎င်း၏ ချယ်လ်ဆီးအသင်းတွင် ၀တ်ဆင်သော နံပါတ် (၂၆)ကို ထည့်သွင်းဖော်ပြထားသလို သမီးနှစ်ဦးဖြစ်သည့် ဂျော်ဂျီနှင့် ဆမ်မာတို့၏ အမည်များကိုလည်း ရေးထိုးထားသည်။ 







Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်