Wednesday, 21 September 2011 15:05 |
![]() အိန္ဒိယ၊ နီပေါနိုင်ငံများနှင့် တရုတ်နိုင်ငံ၊ တိဘက်ဒေသကြား ဆက်စပ်နေသော ဟိမဝန္တာ တောင်စွယ်တောင်တန်း ဒေသတွင် ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။ စက်တင်ဘာ (၁၈)ရက်နေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး (၆.၉)ရှိသော ငလျင်သည် အနည်းဆုံး လူ(၅၀)ကျော်မျှ သေကြေစေခဲ့ကြောင်း သတင်းများကဆိုသည်။အိန္ဒိယနိုင်ငံရှိ တောင်စဉ်တောင်တန်း ထူထပ်သော ဆစ်ကင်းဒေသတွင် ဦးတည်လှုပ်ရှားသော ငလျင်သည် ယခုနှစ်တွင် အဆိုပါ ဒေသအတွင်း လှုပ်ရှားသွားသည့် ငလျင်များအနက် ထိခိုက်မှု အပြင်းထန်ဆုံးဖြစ်သည်။ ကယ်ဆယ်ရေး လုပ်သားများသည် ငလျင်ဘေးသင့် ဒေသများတွင် လုပ်ငန်းဆောင်ရွက်မှုများ အရှိန်မြှင့်တင် လုပ်ဆောင်ခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး မြေပြိုမှုများ ဖြစ်နေခြင်းကြောင့် တိုးတက်မှု နှေးကွေးနေရသည်။နီပေါတွင် ရဲတပ်ဖွဲ့က ဒေသအတွင်း အရေးပေါ် အခြေအနေ ကြေညာပြီး အပျက်အစီးများကြား အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ ငလျင်လှုပ်ရှားပြီးကာစ အခြေအနေကတည်းက သတင်းများက (၁၈)ဦးထက်မနည်း သေဆုံးကြောင်းနှင့် နောက်ထပ်လည်း အသေအပျောက်စာရင်း မြင့်တက်လာနိုင်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ အဆိုကို ကိုးကားဖော်ပြခဲ့သည်။လက်ရှိတွင် ငလျင်ကြောင့် အဆိုပါ ဒေသများတွင် လျှပ်စစ်မီးလိုင်းနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေသလို ကူးသွားသွားလာရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။ သတင်းများက အိန္ဒိယမြောက်ပိုင်း ဒေသတစ်ခုထဲတွင်ပင် သေဆုံးသူ အရေအတွက် (၂၅)ဦးထက်မနည်း ရှိနေကြောင်းလည်း ဖော်ပြသွားသည်။ |
Thursday, September 22, 2011
ဟိမဝန္တာတောင်တန်း ငလျင်လှုပ်ခတ်မှု သေဆုံးသူ ၅၀ ကျော်ပြီဟုဆို
Labels:
သတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်