![]() အဲဗာတန် အသင်းနှင့် လီဗာပူးလ်တို့ ပွဲစဉ်တွင် ဧည့်သည် လီဗာပူးလ်က (၂-၀)ဖြင့် အနိုင် ရရှိသွားသည်။ အဲဗာတန် အသင်းမှ ကွင်းလယ်လူ ဂျက်ရော့ဒ်ဝဲလ်ကို ပွဲချိန် (၂၃)မိနစ်တွင် ဒိုင်လူကြီးက တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ် ခဲ့သည့်နောက် အိမ်ရှင်တို့ (၁၀)ယောက်ကျန်ဖြင့် ကစား ခဲ့ရသည်။ ထို့နောက် လီဗာပူးလ်က ဒါဘီပြိုင်ဘက် အပေါ် ခြေအသာဖြင့် ယှဉ်ပြိုင် လာနိုင်ခဲ့ပြီး (၇၁)မိနစ်တွင် ဟိုဆေးအန်ရီကေး ဘယ်ခြမ်းမှ ချိုးပေးသော ဘောလုံးကို အန်ဒီ ကာရိုးလ်က ပိတ်သွင်းကာ အဖွင့်ဂိုး ရရှိသွားသည်။ (၈၂)မိနစ်တွင် ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ဒုတိယ ဂိုးကို သွင်းယူ ပေးခဲ့သည်။ ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် ကာရိုးလ် မန်ချက်စတာ စီးတီး အသင်းမှာ အဝေးကွင်းတွင် တိုက်စစ် ခြေစွမ်းပြကာ ဘလက်ဘန်း ရိုဗာကို (၄-၀)ဖြင့် အနိုင် ယူခဲ့သည်။ မန်စီးတီးသည် တစ်ပွဲလုံး အသာစီးမှ ကစားကာ ယခုလို ဂိုးပြတ် အနိုင် ယူသွားနိုင်ခဲ့ခြင်း ဖြစ်သည်။ မန်စီးတီး တိုက်စစ်ကို မာရီယို ဘာလော့တယ်လီက ဦးဆောင် ကစားခဲ့ပြီး ပထမပိုင်းတွင် ဘလက်ဘန်း ခံစစ်အား အကြိမ်ကြိမ် ခြိမ်းခြောက် နိုင်သော်လည်း ဂိုးမရခဲ့ပေ။ ဒုတိယပိုင်း (၅၆)မိနစ်တွင် အဒမ်ဂျွန်ဆင်က အဝေး ကန်ချက်ဖြင့် ဂိုးသွင်းပြီးနောက် မန်စီးတီးတို့ ဂိုးများ တောက်လျှောက် ရရှိသွားသည်။ မန်စီးတီး အတွက် ကျန်ဂိုးများကို ဘာလော့တယ်လီ၊ ဆမ်မီနာဆရီနှင့် စတီဗင်ဆာဗစ် တို့က အသီးသီး သွင်းယူ ပေးခဲ့သည်။ မန်ချက်စတာအတွက် အနိုင်ဂိုး သွင်းပေးခဲ့သည့် ၀ဲလ်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းသည် အိမ်ကွင်းတွင် တန်းတက် နောဝစ်ခ်ျအသင်းအား ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင် ရခဲ့သည်။ စိတ်ဓာတ်ပိုင်း ခိုင်မာ အားကောင်းသော ဧည့်သည် အသင်းသည် လက်ရှိ ချန်ပီယံအား အကောင်းဆုံး တုံ့ပြန် နိုင်ခဲ့ပြီး အဖွင့်ဂိုး ရမည့် အခြေအနေများပင် ရှိခဲ့သေးသည်။ သို့သော်လည်း အဆုံးသတ်ပိုင်း မရေရာမှုများကြောင့် အပိုင် အခွင့်အရေးများ လွဲချော်ခဲ့ရသည်။ ထို့အပြင် ယခုပွဲ၌ ၀င်ကစားခဲ့သည့် မန်ယူ အရန်ဂိုးသမား အန်းဒရက်စ် လင်ဒီဂတ်၏ နေရာယူ မှန်မှန် ကာကွယ်မှုများကလည်း နောဝစ်ခ်ျကို ဦးဆောင်ဂိုးနှင့် လွဲချော်စေခဲ့သည်။ မန်ယူအတွက် ဂိုးများကို အန်ဒါဆန်နှင့် လူစားဝင် တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်တို့က သွင်းယူခဲ့ပြီးနောက် လက်ရှိ ချန်ပီယံတို့ (၂-၀)ဖြင့် အနိုင်ရကာ ပရီးမီးယားလိဂ် (၁၉)ပွဲဆက် အိမ်ကွင်းအနိုင် စံချိန်သစ် တစ်ခု ရယူ နိုင်ခဲ့သည်။ အခြားပွဲစဉ် ရလဒ်များ အက်စတွန်ဗီလာ ၂ - ၀ ၀ီဂန် ၀ုဗ် ၁ - ၂ နယူးကာဆယ်ယူနိုက်တက် ဆန်းဒါးလန်း ၂ - ၂ ၀က်စ်ဘရွန်း |
Sunday, October 2, 2011
မန်ယူ၊ မန်စီးတီးနှင့် လီဗာပူးလ်တို့ အမှတ်ပြည့် ရခဲ့သည့် စနေည ပရီးမီးယားလိဂ် ပွဲစဉ်များ
Labels:
ဘောလုံးသတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်