
ချယ်လ်ဆီးသည် လိုင်ယွန် အသင်းမှ ကွင်းလယ် ဖန်တီးရှင် ကလီမန့် ဂရာနီရာကို လေ့လာ စုံစမ်းမှုများ ပြုလုပ်နေပြီး ဇန်န၀ါရီ လတွင် ပေါင်စတာလင် (၈)သန်း ၀န်းကျင်ဖြင့် ကမ်းလှမ်းသွားဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ အသက်(၂၀)သာ ရှိသေးသော်လည်း ထူးချွန်သော ကိုယ်ရည်ကိုယ်သွေး များကို ပြသနေသည့် ဂရာ နီရာကို ရီးယဲလ် မက်ဒရစ် အပါအ၀င် ဥရောပ ထိပ်သီး ကလပ်အသင်း အတော်များများက အလိုရှိနေ ကြောင်းလည်း သိရသည်။
ချယ်လ်ဆီးမှ စောင့်ကြည့်နေသည့် လိုင်ယွန်မှ လူငယ်ကစားသမား ဂရာနီရာ
Daily Express သတင်းစာက ချယ်လ်ဆီးသည် ဇန်န၀ါရီ လတွင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ပြီး ကစားသမား လေးကို အခြားအသင်း များထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း ဖော်ပြခဲ့သည်။ ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုဝါးစ်သည် အသင်း၏ ကွင်းလယ်ကို ဇန်န၀ါရီ လတွင် အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်နေရာ ရီးယဲလ် မက်ဒရစ်မှ ဂျာမန်သား ဆမ်မီ ခီဒီရာ ကိုလည်း စောင့်ကြည့်နေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။
ပုံမမြင်ရင်ဘလော့ခ်မှာကြည့်ပါ
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်