![]()
ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက အမေရိကန် ပြည်ထောင်စု ကို ချစ်ကြည်ရေး ခြေစမ်း ခရီးသွား ရောက်ကစား စဉ် သမ္မတရဲ့ အိမ်ဖြူတော်ကို လည်ပတ်ခဲ့ပါ တယ်။ အဲဒီတုန်းက ဘာစီလိုနာရဲ့ ကိုယ်စား လှယ်တွေဟာ အမေရိကန် သမ္မတ အိုဘားမားကို လက်ဆောင် ပစ္စည်းတွေ ပေးခဲ့လို့ အခု အိုဘားမားက ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အပြန် အလှန် လက်ဆောင် ပြန်ပို့ပေး ခဲ့တာပါ။ အမေရိကန် သံရုံးရဲ့ ကောင်စစ်ဝန် ဂရီဂိုရီခရော့ခ်ျဟာ ဘာစီလိုနာအသင်းနဲ့ ဆက်သွယ်ပြီး အသင်းဥက္ကဋ္ဌ ရိုဆဲလ်နဲ့ တွေ့ဆုံကာ သမ္မတရဲ့ သဝဏ်လွှာ ကို လက်ရောက် ပေးအပ်ခဲ့ပါ တယ်။ အိုဘားမား ရဲ့ သဝဏ်လွှာထဲ မှာတော့ “ဘာစီလိုနာ အသင်းရဲ့ အင်္ကျီ ၂ ထည်အပြင် အခြား လက်ဆောင် တွေကို ပေးခဲ့တဲ့ အတွက် အထူးပဲ ကျေးဇူးတင် ရှိပါတယ်၊ ဘာစီလိုနာ အသင်းဟာ လည်း ထိပ်တန်း အသင်း တစ်သင်းအဖြစ် ဆက်လက်ရပ် တည်နိုင်ပါစေကြောင်း ဆုတောင်း ပေးပါတယ်” လို့ ဖော်ပြ ထားခဲ့ပါတယ်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်