BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, October 12, 2011

ဟိန်းဝေယံရဲ့ အစ်မနဲ့ ညီမတို့လည်း အနုပညာလောကထဲ တိုးဝင်လာ

မာန်ထက်ချီ ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးမှ စင်တင်ပွဲထုတ်တဲ့ သားဖြစ်သူ သရုပ်ဆောင်ဟိန်းဝေယံဟာ ယခုဆိုရင် အောင်မြင်ထင်ရှားတဲ့ အနုပညာရှင် ဈေးကွက်ဝင် မင်းသား တစ်ယောက်ဖြစ်ခဲ့ပါပြီ။ သားဖြစ်သူကို အောင်မြင်စွာပွဲထုတ်စင် တင်ခဲ့တဲ့ မာန်ထက်ချီ ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးကနေ ယခုအခါ ရန်ကုန်-မန္တလေး မီးခဲပြာဖုံးမျိုးဆက်သစ် သရုပ်ဆောင်တွေကိုလည်း အနာဂတ် အနုပညာလောကအတွက် ရည်ရွယ်ပြီး အဆင့်ဆင့်ရွေးချယ်စင်တင်ပွဲထုတ်တော့မှာဖြစ်ပါတယ်။ ဒီလိုပဲ သရုပ်ဆောင်ဟိန်းဝေယံရဲ့ အစ်မကြီးဖြစ်သူ စံမဒီထူးနဲ့ ညီမငယ်ဖြစ်သူ စွဲညှို့ရှင် တို့နှစ်ဦးကိုလည်း ရုပ်ရှင်ဗီဒီယိုလောကအတွက် သရုပ်ဆောင် မင်းသမီးရှားပါးမှုကို ဖြည့်စွက်နိုင်စေဖို့ ဇာတ်ကားပေါင်းများစွာကို စင်တင်ပွဲထုတ် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ မျိုးဆက်သစ် သရုပ်ဆောင် စံမဒီထူးနဲ့ စွဲညှို့ရှင်တို့ဟာ ယခုဆိုလျှင် မိခင်မာန်ထက်ချီရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးရဲ့ အရှိန်အဟုန်ပြင်းတဲ့ အစီအစဉ်သစ်တွေနဲ့ ခေါင်းဆောင်မင်းသမီးများအဖြစ် မကြာမီ ပေါ်ထွက် လာတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။ သရုပ်ဆောင်ဟိန်းဝေယံ အနုပညာ လောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့သလို အစ်မဖြစ်သူ စံမဒီထူးနဲ့ ညီမဖြစ်သူ စွဲညှို့ရှင် တို့လည်း အောင်မြင်တဲ့ သရုပ်ဆောင်များ ဖြစ်လာခြင်းရှိမရှိကို အနုပညာလောကသားတွေက စောင့်ကြည့်နေကြပြီလည်းဖြစ်ပါတယ်။ မာန်ထက်ချီ ရုပ်ရှင်ဗီဒီယိုထုတ် လုပ်ရေး စီစဉ်သူမစန်းစန်းဝင်းကတော့ အရှိန်အဟုန်အကောင်းဆုံးနဲ့ သမီးနှစ်ယောက်ကို အောင်မြင်အောင် စင်တင်ပွဲထုတ်သွားမယ်လို့ ပြောကြားတာကိုလည်း ကြားသိခဲ့ရပါတယ်။  

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်