![]()
အခုဒီကားလေးဟာဆိုရင် တစ်နာရီ ၁၀၁ မိုင်နှုန်းအထိမြန်နှုန်းမြှင့်တင်မောင်း နှင်နိုင်တာကြောင့် ကမ္ဘာ့အမြန်ဆုံးဆိုဖာကားအဖြစ် လောလောလတ်လတ် စံချိန်တင်ထားတဲ့ ကားလေးတစ်စီးဖြစ်ပါတယ်၊ ဩစတြေးလျ ဒီဇိုင်းပညာရှင်တွေကတီထွင်ထားတဲ့ . . . ကားလို့သာဆိုပေမယ့် ဒီကားလေးလိုကားမျိုးကို စာဖတ်ပရိသတ်တွေ တစ်ခါမှမြင်ဖူးမှာမဟုတ်ပါဘူး။ အဲဒါကြောင့် နာမည်ဘယ်လိုခေါ်သလဲဆိုတာ ကိုလည်းသိကြမှာမဟုတ်ပါဘူး။ ဒီကားအမျိုးအစားကို ဆိုဖာကား(Motor Sofa) လို့ခေါ်ပါတယ်။ အရွယ်အစားအားဖြင့်သေးငယ်ပေမယ့် ပြိုင်ကားတွေလိုပဲ လိုရာ ခရီးကို ခဏလေးနဲ့အရောက်သွားနိုင်ပါတယ်။ အခုဒီကားလေးဟာဆိုရင် တစ်နာရီ ၁၀၁မိုင်နှုန်းအထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်တာကြောင့် ကမ္ဘာ့အမြန်ဆုံး ဆိုဖာ ကားအဖြစ် လောလောလတ်လတ်စံချိန်တင်ထားတဲ့ကားလေးတစ်စီးဖြစ်ပါတယ်။ ဩစတြေးလျဒီဇိုင်းပညာရှင်တွေ ကတီထွင်ထားတဲ့ ဒီကားလေးမှာ ကော်ဖီခွက်၊ ရေခွက်နဲ့ သစ်သီးပန်းကန်တွေတင်ထားနိုင်တဲ့ စားပွဲခုံတစ်လုံးပါဝင်ပြီး (လမ်းတွေ ကောင်းလို့အဆင်ပြေတာနော်) အခုလိုအံ့မခန်းမောင်းနှင်နိုင်တာကလည်း အဆင့် မြင့် 1400 CC စူဇူကီးဆိုင်ကယ်တစ်လုံး တပ်ဆင်ထားလို့ပဲဖြစ်ပါတယ်။ ယခင် စံချိန်ဟောင်း တစ်နာရီ ၉၂ မိုင်ကိုဖြတ်ကျော်နိုင်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ကားမောင်းသမား မစ္စတာဆူတာက "အခုလို ကမ္ဘာ့စံချိန်သစ်ရေးထိုးနိုင်ခဲ့လို့ အရမ်း ဝမ်းသာမိပါတယ်။ ဒီကားလေး မောင်းနှင်ရတဲ့အရသာကို ကျွန်တော် ဘာနဲ့မှမလဲ နိုင်ပါဘူး"လို့ ဆိုခဲ့ပါတယ်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်