![]() အိုးလ်ထရက်ဖို့ဒ်တွင် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းအတွက် အထူး ခြေစွမ်း ပြနေသည့် အသက်(၂၃)နှစ် အရွယ် မက္ကစီကို လက်ရွေးစင် ကစားသမားအား လက်တလောတွင် မန်ယူက စာချုပ်သက်တမ်း တိုးရန် စီစဉ်နေသည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ချီးဗက်စ် ဂွာဒီလာဂျာရာ တိုက်စစ်မှူးဟောင်း၏ လက်ရှိ စာချုပ်အရ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၅၀၀၀)ရရှိ နေခြင်းကို ပေါင်စတာလင် (၇၅၀၀၀)ထိ တိုးမြှင့်ပေးရန် အသင့် ရှိနေသည်။ သို့သော်လည်း ရီးယဲလ်က ပေါင်စတာလင် သန်း(၃၀)ထိ ဈေးပေးကာ ဟာနန်ဒက်ဇ်ကို ခေါ်ယူရန် စဉ်းစားနေကြောင်း The Sun က ဖော်ပြခဲ့သည်။ ရီးယဲလ်မှ စိတ်ဝင်စားနေသည့် တိုက်စစ်မှူး ဟာနန်ဒက်ဇ် မန်ယူသည် ဟာနန်ဒက်ဇ်ကို ၀ယ်ယူစဉ်က ပေါင်စတာလင် (၆)သန်းသာ ပေးချေ ခဲ့ရသောကြောင့် ရီးယဲလ်၏ ကမ်းလှမ်းသည့် ပမာဏသည် (၅)ဆ ပိုများလျက် ရှိသည်။ ဟာနန်ဒက်ဇ် ကိုယ်တိုင်ကမူ ရီးယဲလ်၏ စိတ်ဝင်စားမှုကို ဂုဏ်ယူသော်လည်း မိမိအား ကမ္ဘာသိ ကစားသမား တစ်ဦး ဖြစ်လာအောင် မြှင့်တင် ပေးခဲ့သည့် မန်ယူအပေါ် သစ္စာ စောင့်သိလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ ချီချာရီတိုဟာ ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရသော ဟာနန်ဒက်ဇ်သည် မန်ယူအတွက် ပွဲဦးထွက် ဘောလုံး ရာသီတွင် ဂိုး(၂၀) သွင်းယူ ပေးခဲ့ပြီးနောက် ရီးယဲလ်နည်းပြ ဟိုဆေးမော်ရင်ဟိုက ၎င်းအား အထူး စိတ်ဝင်စားလာခြင်း ဖြစ်သည်။ |
Tuesday, October 11, 2011
ဟာနန်ဒက်ဇ်အား ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူရန် ရီးယဲလ် စိတ်ဝင်စား
Labels:
ဘောလုံးသတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်