![]() ကျွန်တော် ဂိုးသွင်းနိုင်ဖို့ထက် အသင်းအနိုင်ရဖို့က ပိုပြီး အရေးကြီးပါတယ်။ ရော်နယ်ဒို (ရီးရဲတိုက်စစ်မှူး) ရီးရဲမက်ဒရစ် တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုက မာလာဂါအသင်း၏ အိမ်ကွင်းလာ ရိုဆာလီဒါကွင်း၌ (၄-၀)ဂိုးဖြင့် ရီးရဲအသင်း အနိုင်ရသည့်ပွဲတွင် ဟတ်ထရစ် ဂိုးသွင်းနိုင်ခဲ့သော်လည်း ၎င်းဂိုးသွင်းနိုင်ရေးထက် အသင်းအနိုင်ရရှိမှုက ပိုမိုအရေးပါကြောင်း နှိမ့်ချပြောကြားလိုက်သည်။ အဆိုပါ ပေါ်တူဂီ တိုက်စစ်မှူးသည် မကြာသေးမီအချိန်က တစ်ကိုယ်ကောင်းဆန်စွာ ကစားနေခြင်းအတွက် ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရသော်လည်း မာလာဂါအသင်းနှင့် ရင်ဆိုင်ကစားခဲ့ပွဲ ပထမပိုင်းအချိန်တွင် အသင်းဖော်များနှင့် လက်တွဲညီညီ ကစားရင်း ခြေစွမ်းပြ ဟတ်ထရစ်ဂိုး သွင်းနိုင်ခဲ့သည်။ ထို့သို့ဟတ်ထရစ် ဂိုးသွင်းနိုင်ပြီးနောက် ရော်နယ်ဒိုသည် ဂိုးသွင်းအများဆုံး ဇယားတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် တန်းတူ (၁၀)ဂိုးစီဖြင့် ရပ်တည်လာနိုင်ခဲ့သည်။ ကျွန်တော် ဂိုးသွင်းနိုင်တဲ့အတွက် ၀မ်းသာပျော်ရွှင် ဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်တော် ဂိုးသွင်းသွင်း၊ ဂိုးမသွင်းသွင်း အသင်းအနိုင်ရရှိဖို့က အမှန်တကယ် အရေးပါပါတယ်။ ကျွန်တော် ဂိုးမသွင်းနိုင်မှာကို စိုးရိမ်းကြောင့်ကြ ဖြစ်မနေပါဘူး။ ဒါပေမယ့် အသင်းအနိုင် မရမှာကိုတော့ ကျွန်တော် စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ တကယ်ကို စွဲမက်ဖွယ်ကောင်းတဲ့ ကစားပုံအတိုင်း ကစားနိုင်ခဲ့တာပါ။ ပထမပိုင်းအချိန်ကတော့ ဒီရာသီအချိန်မှာ ကျွန်တော် ကစားခဲ့တဲ့ အကောင်းဆုံးမိနစ်တွေ ဖြစ်ပါလိမ့်မယ်။ကျွန်တော် မာဆယ်လိုနဲ့အတူ အောင်ပွဲခံခဲ့ ပုံကတော့ ကျွန်တော်တို့ နှစ်ယောက်လုံး ဘရာဇီးဂီတကို နှစ်သက်ကြလို့ပါပဲဟု ရော်နယ်ဒိုက ပွဲပြီးနောက် ပြောဆိုသွားခဲ့သည်။ လက်ရှိအချိန်တွင် ဂျို့စ်မော်ရင်ဟို ကိုင်တွယ်နည်းပြနေသည့် မက်ဒရစ်အသင်းသည် (၈)ပွဲကစား (၁၉)မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှ ဘာစီလိုနာအသင်းထက် တစ်မှတ်အသာဖြင့် ရပ်တည်နေသည်။ |
--
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်