BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, October 23, 2011

မာတာသည် မန်စီးတီး၏ ကီးပလေယာ ဒေးဗစ်ဆေးဗာလ်း ကဲ့သို့ ထူးချွန်သည့် ကစားသမားဖြစ်ကြောင်း ချဲဆီးနည်းပြ ဘိုအာစ့် ပြောဆို



Probe by : ကွန်ဟိန်း    2011-10-23 11:34:31  

မာတာသည် မန်စီးတီး၏ ကီးပလေယာ ဒေးဗစ်ဆေးဗာလ်း ကဲ့သို့ ထူးချွန်သည့် ကစားသမားဖြစ်ကြောင်း ချဲဆီးနည်းပြ ဘိုအာစ့် ပြောဆို

မာတာသည် မန်စီးတီး၏ ကီးပလေယာ ဒေးဗစ်ဆေးဗာလ်း ကဲ့သို့ ထူးချွန်သည့် ကစားသမားဖြစ်ကြောင်း ချဲဆီးနည်းပြ ဘိုအာစ့် ပြောဆို


ချဲလ်ဆီးနည်းပြဘိုအာ့စ်ကသူ၏ကွင်းလယ်ကစားသမားမာတာအား၊မန်စီးတီး၏ကီးပလေယာ ဒေးဗစ်ဆေးဗား ကဲ့သို့ ထူးချွန်သည့် ကစားသမား တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုသည် ။ ဗလင်စီယာအသင်း မှ ပေါင် ၂၃.၅ သန်းဖြင့် ပြောင်းရွေ့လာခဲ့သူ မာတာသည် စတန်းဖိုဒ့်ဘရစ်ခ်ျ တွင်ပျော်ရွှင်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် တပတ်က ပြောဆိုခဲ့သေးသည် ။ အသင်းအတွက် (၂) ဂိုးသွင်းယူပေးထားနိုင်ကာ အသင်းဖေါ် ဂိုးသွင်းခွင့် ရရန်အတွက် (၃)ကြိမ် တိတိ ဖန်တီးပေးထား နိုင်ခဲ့ပြီလည်း ဖြစ်သည် ။ မာတာနှင့် တနိုင်ငံတည်းသား ဒေးဗစ်ဆေးဗာလ်း မှာလည်း မန်စီးတီးတွင် မရှိမဖြစ်ကစားသမား ဖြစ်နေပြီး မန်စီးတီးအသင်းအား ဇယားထိပ်ပိုင်းတွင် ရပ်တည်နိုင်ရာတွင် သူ၏ မောင်းနှင်အားများမှာ အက္ခရာ ကျခဲ့သည် ။


မာတာဟာ ဆေးဗားလ်းထက် သာလား ? ဟု အဓိပယ်ရသည့် မေးခွန်းတစ်ခုကို ဘိုအာစ့် က သူ၏ကစားသမားသည် ဆေးဗားကဲ့သို့ ထူးချွန်သည့် ကစားသမား ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး "ကျွန်တော့်အထင်တော့ သူတို့မှာ အဆင့်တစ်ခု ၊ စွမ်းရည်တစ်ခု ကိုယ်စီရှိနေကြပါတယ် ၊ ကျွန်တော့ ကစားသမား ဟာ ပုံစံကွဲ တစ်ခုကနေ ဘောလုံးကို ရယူ ရတာမျိုးကို ပိုပြီးနှစ်သက် ပါတယ် ၊ ပြီးရင် ဘောလုံးဖြန့်တဲ့နေရာမှာ တိကျသေခြာတဲ့ နေရာမျိုးတွေကိုရှာတတ်ပါတယ် ၊ သူဘောလုံးကို ရသွားတဲ့ အချိန်တွေမှာ ကစားဖော်တွေလိုချင်တဲ့ အနေအထားကို ထင်မှတ်မထား တဲ့ ပုံစံမျိုးကနေ ဖန်တီးပေးနိုင်စွမ်းရှိပါတယ် ၊ ကျွန်တော် သူနဲ့ ပတ်သတ်ပြီး ပြောချင်တာက ပြိုင်ပွဲတစ်ခုမှာ သူ့ကစားဟန်ဟာ အသင်းကို မောင်းနှင်ပေး နိုင်စွမ်းရှိပါတယ်" ဟုပြောကြားခဲ့သည် ။




--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်