BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, October 23, 2011

ဂိုးပြတ်သားခဲ့သည့် အိုးထရက်ဖို့ဒ်မှာ သမိုင်းဝင်ရှုံးပွဲတစ်ခု။ (မန်ချက်စတာယူနိုက်တက် ၁-၆ မန်ချက်စတာစီးတီး)


ဂိုးပြတ်သားခဲ့သည့် အိုးထရက်ဖို့ဒ်မှာ သမိုင်းဝင်ရှုံးပွဲတစ်ခု။ (မန်ချက်စတာယူနိုက်တက် ၁-၆ မန်ချက်စတာစီးတီး)
ဂိုးပြတ်သားခဲ့သည့် အိုးထရက်ဖို့ဒ်မှာ သမိုင်းဝင်ရှုံးပွဲတစ်ခု။ (မန်ချက်စတာယူနိုက်တက် ၁-၆ မန်ချက်စတာစီးတီး)
ဒီတစ်ပါတ်ပရီးမီးယားလိဂ် ပရိသတ်များရဲ့ စိတ်အဝင်စားဆုံး ပြိုင်ပွဲကြီး ဖြစ်တဲ့ မန်ချက်စတာဒါဘီ ပြိုင်ပွဲကြီးကို မန်ချက်စတာယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ပါတယ်။

မန်ယူအသင်းမှာ ဂိုးသမား ဒီဂီအာ ပွဲထွက်လာပြီး နောက်တန်းမှာတော့ စမောလင်း၊ ဖာဒီနန်၊ အီဗန်နှင့် အီဗရာတို့ ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာ နာနီ၊ ဖလက်ချာ၊ အန်ဒါဆင်နှင့် အက်ရှ်လေယန်းတို့ ပွဲထွက်လာပြီးတော့ တိုက်စစ်မှာ ရူနီနှင့် ဝဲလ်ဘတ်တို့ ပွဲထွက်လာပြီး ၄-၄-၂ ပုံစံဖြင့် ရင်ဆိုင်ကစားခဲ့ပါတယ်။ ဒါဏ်ရာက ပြန်လည်သက်သာလာပြီ ဖြစ်တဲ့ အသင်းခေါင်းဆောင် ဗီဒစ်ကတော့ အရံလူစာရင်းမှာတောင် ပါဝင်ခဲ့ခြင်း မရှိခဲ့ပါ။ မန်စီးတီးအသင်းမှာတော့ ပုံမှန်အတိုင်း ဂိုးသမား ဂျိုးဟတ်၊ နောက်တန်းမှာ ရစ်ချက်၊ ကွန်ပနီ၊ လက်စ်ကော့၊ ကလစ်ချီတို့ စတင်ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာ ဆေးလ်ဗား၊ ယာယာတိုရေး၊ ဘယ်ရီ၊ မီလ်နာနှင့် ဘာလို့တယ်လီတို့ စတင်ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ အဂူရိုတစ်ယောက်တည်း အထောင်ကစားခဲ့ပါတယ်။ ကွင်းလယ်ဒိုင်လူကြီးကတော့ မက် ကလတ်တန်ဘာ့ဂ် တာဝန်ယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပွဲကတော့ ဒါဘီပွဲပီပီ စတာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပွဲထွက်
လာပါတယ်။ တစ်ဖက်နှင့်တစ်ဖက် ရှိန်မနေပဲ ခပ်သွက်သွက် ခပ်မြန်မြန် ဖွင့်ကစားခဲ့ကြပါတယ်။ ပွဲအစမှာ မန်ချက်စတာယူနိုက်တက်အသင်းက ကစားကွက် ပိုမိနေခဲ့ပြီး မန်စီးတီးကွင်းဖက်မှာ အတော်များများ ဖိကစားနိုင်ခဲ့ပါတယ်။ ကွင်းလယ်ကစားကွက်မှာ မန်ယူက အသာရသယောင်ရှိပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှုအပိုင်းမှာတော့ တစ်ဖက်နှင့် တစ်ဖက် မတိမ်းမယိမ်းအနေအထားသာ ရှိနေခဲ့ပြီး မန်စီးတီးအသင်းကလည်း ကောင်တာ တိုက်စစ်ကနေ တစ်ဆင့် ထိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။ အပြန်အလှန်ထိုးဖောက်ကြရင်း ၂၁ မိနစ်မှာတော့ မန်စီးတီးအသင်းဟ ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။ မန်ယူရဲ့ အားနည်းတဲ့ ညာဖက်နောက်ခံလူနေရာကနေ ပေါက်ထွက်လာပြီး မီလ်နာ၊ ဆေးလ်ဗားတို့ တွဲလုံးကနေ တစ်ဆင့် ဧရိယာထိပ်မှာ ရပ်တည်နေတဲ့ ဘာလို့တယ်လီဆီကို ထိုးပေးလိုက်ရာမှာ ဘာလို့တယ်လီက ဒီဂီအာရဲ့ ညာဖက် တိုင်အောက်ခြေကို အသာအယာကန်သွင်းပြီးတော့ မန်စီးတီးအတွက် ဦးဆောင်ဂိုးစတင် သွင်းယူလိုက်နိုင်တာ ဖြစ်ပါတယ်။ ဦးဆောင်ခွင့် ရသွားတဲ့ နောက်ပိုင်းမှာတော့ မန်စီးတီးအသင်းသားများဟာ ယုံကြည်မှု ပိုမိုလာသလိုရှိလာပြီး  ဘောလုံးကိုင်ကစားလာနိုင်တာကို တွေ့ရပါတယ်။ ၂၆ မိနစ်မှာ အက်ရှ်လေယန်း ဘယ်ဖက်တောင်ပံကနေ လှမ်းကန်လိုက်တဲ့အလုံးဟာ ဂျိုးဟတ်ကို အသည်းယားစေခဲ့ပါတယ်။ ဂျိုးဟတ် မမီလိုက်ပေမယ့် ဂိုးပေါက်လည်းလွဲချော်ခဲ့ပါတယ်။ ၃၃ မိနစ်မှာလည်း ထောင့်ကန်ဘောကနေတစ်ဆင့် လျှံထွက်လာတဲ့ ဘောလုံးကို အန်ဒါဆင် ဧရိယာထိပ်ကနေ လှမ်းကန်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဂိုးသမား ဂျိုးဟတ်နေရာယူမှန်တဲ့အတွက် သက်သက်သာသာပဲ ကာကွယ်ခဲ့ပါတယ်။ ၃၆ မိနစ်မှာလည်း ရူနီ အခွင့်အရေးတစ်ကြိမ်ရခဲ့ပါသေးတယ်။ နာနီရဲ့ ဖန်တီးပေးမှုကို ဧရိယာထိပ်ကနေပဲ လှမ်းကန်ခဲ့တာပါ။ ဒါပေမယ့် ဂျိုးဟတ်အတွက်တော့ ခက်ခက်ခဲခဲ မရှိခဲ့။ ၄၀ မိနစ်မှာ ထောင့်ကန်ဘောကနေတစ်ဆင့် ထိုးဖောက်လာပြီး ရူနီပြန်ချိုးပေးတာကို အီဗန် ဂိုးပေါက်နှင့် ၃ ကိုက်ခန့် အကွာကနေ ကျွတ်ကျွတ်လွတ်လွတ် ကန်သွင်းခွင့် ရခဲ့ပါသေးတယ်။ ဒါပေမယ့် အီဗန် ဘောလုံးကို မထိပဲ နောက်ခြေထောက်နဲ့သာ ထိခဲ့တဲ့အတွက် အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။ ဒီနောက်မှာတော့ တစ်ဖက်နှင့်တစ်ဖက် ခြိမ်းခြောက်မှုများသာ ရှိခဲ့ပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ကြပဲ ပထမပိုင်းမှာ မန်စီးတီးအသင်းက တစ်ဂိုးအသာနှင့် ပွဲသိမ်းသွားခဲ့ပါတယ်။

ပထပိုင်းမှာ အရှုံးရလာဒ်နှင့် နားခဲ့ရတဲ့ မန်ယူဟာ ဒုတိယပိုင်းမှာလည်း အထနှေးနေခဲ့ပါတယ်။ ဒုတိယပိုင်း စစချင်းမှာပဲ မန်ယူ နောက်ခံလူ ဂျွန်နီ အီဗန် အနီကဒ် ပြသခံခဲ့ရပါတယ်။ ဒီအနီကဒ်ဟာ ဘောလုံးယှဉ်လုကြရင်း အီဗန်က မာရီယို ဘာလို့တယ်လီကို ဆွဲချသလို ဖြစ်ခဲ့တဲ့အတွက် နောက်ဆုံး နောက်ခံလူ အနေနှင့် အနီကဒ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ၁၀ တည်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ မန်စီးတီးအသင်းက ဆက်လက်ထိုးဖောက်နေခဲ့ပြီး ၄၈ မိနစ်မှာ ဧရိယာထိပ်နာမှာ ပြစ်ဒါဏ်ဘောတစ်လုံး ကန်သွင်းခွင့်ရခဲ့ပါသေးတယ်။ နောက်ခံလူ တံတိုင်းကို ကျော်လွန်အောင်တော့ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ မိနစ် ၅၀ မှာ မန်စီးတီး နောက်ခံလူ ရစ်ချက် မန်ယူဂိုးဧရိယာနားအထိ ဆွဲတက်လာတာကို မန်ယူကွင်းလယ်ကစားသမား အန်ဒါဆင် ဘောဒီခုပြီး ကာကွယ်ခဲ့ပါတယ်။ ဒါပေမယ့် ပယ်နယ်တီအဖြစ်တော့ ဒိုင်လူကြီးက သတ်မှတ် ပေးခဲ့ခြင်း မရှိပါဘူး။ ဒုတိယပိုင်းမှာ အထူးသဖြင့် မန်စီးတီး ညာနောက်ခံလူ ရစ်ချက် အစွမ်းပြ ကစားလာခဲ့ပြီး တိုက်စစ်ကို ပံ့ပိုးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ၅၃ မိနစ်မှာ မန်ယူတို့ ချေပဂိုးရနိုင်မယ့်အခွင့်အရေး တစ်ခု အသုံးမချနိုင်ခဲ့ပါဘူး။ ညာခြမ်းကနေ ဖလက်ချာ ချပေးတဲ့အလုံးကို အက်ရှ်လေယန်း ပိတ်သွင်းပေမယ့် မန်စီးတီးနောက်ခံလူနှင့် ထိပြီး ပြန်ထွက်လာခဲ့ပါတယ်။ အဲဒီလိုပဲ ၅၄ မိနစ်မှာ စီးတီး တောင်ပံကနေ ရစ်ချက် ကန်တင်ပေးတာကို ဆေးလ်ဗား ပိတ်သွင်းပေမယ့် နောက်ကျတဲ့အတွက် အိမ်ရှင်တို့ သက်သာခဲ့တာ ဖြစ်ပါတယ်။ ၅၇ မိနစ်မှာ ရူနီ ဧရိယာထိပ်နားကနေ ကန်သွင်းခွင့် ရခဲ့ပါသေးတယ်။ ဒါပေမယ့် ကန်ချက်က ပျော့တဲ့အတွက် မန်စီးတီး ဂိုးသမား ဂျိုးဟတ်အတွက်တော့ ရင်ခုန်ဖွယ် မဖြစ်ခဲ့ပါဘူး။ မိနစ် ၆၀ မှာတော့ စီးတီးအနိုင်ရလာဒ်ကို သေချာစေမယ့် ဂိုးတစ်ဂိုး ကို ဘာလို့တယ်လီကပဲ ထပ်မံ သွင်းယူခဲ့ပါတယ်။ ဆေးလ်ဗားချပေးတဲ့အလုံးကို မီလ်နာက ပြန်ချိုးပေးလိုက်ရာမှာ ဘာလို့တယ်လီကပဲ အနီးကပ် ပိတ်သွင်းပြီး စီးတီးအတွက် အနိုင်ဂိုးတစ်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ဆယ်ယောက်တည်း ကျန်တော့တဲ့ မန်ယူဟာ ပြိုဆင်းလာခဲ့ပြီး မန်စီးတီးကပဲ ဆက်လက်ဖိအားပေး ကစားခဲ့ပါတယ်။ ၆၅ မိနစ်မှာတော့ မန်ယူအသင်းဟာ အရှုံးရလာဒ်ကို ပြင်ဆင်ဖို့ ကြိုးစားတဲ့အနေနှင့် အန်ဒါဆင်အစား ဖီးလ်ဂျုန်း၊ နာနီအစား ဟာနန်ဒက်ဇ်တို့ အစားထိုးဝင်ရောက်ကစားခဲ့ပါတယ်။ လူငယ်နှစ်ယောက် ဝင်လာပေမယ့် မန်ယူအသင်းဟာ ပြန်လည်အသက်ဝင်မလာတော့ပဲ စီးတီးကပဲ ဆက်လက်ဖိအားပေးခဲ့ပါတယ်။  ၆၈ မိနစ်မှာတော့ စီးတီးတို့ တတိယမြောက် အနိုင်ဂိုးတစ်ဂိုး သွင်းယူလိုက်ပြန်ပါတယ်။ ညာဘက်ခြမ်းက ရစ်ချက် အနိမ့်ဘော ခင်းပေးလိုက်တာကို အဂူရို ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၇၀ မိနစ်မှာ ဒီပွဲမှာ နှစ်ဂိုးသွင်းယူထားတဲ့ ဘာလို့တယ်လီကို ထုတ်ပြီး ဒီဇစ်ကို အစားထား ဝင်ရောက်ကစားခဲ့ပါတယ်။ လူစားဝင်ပြီး သိပ်မကြာခင်မှာပဲ ဇစ်ကို အပိုင်ကန်သွင်းခွင့်တစ်လုံး ရခဲ့ပါသေးတယ်။ ဒါပေမယ့် တိုင်ဘေးက ကပ်ထွက်သွားခဲ့တဲ့အတွက် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ ၇၄ မိနစ်မှာ ဆေးလ်ဗား ဂိုးပေါက်နှင့် ၃ ကိုက်ခန့်အကွာကနေ ကန်သွင်းခွင့် တစ်ကြိမ် ထပ်ရပါသေးတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဂိုးပေါက် လွဲချော်ခဲ့ပါတယ်။ ၇၅ မိနစ်မှာ မန်စီးတီးအသင်းရဲ့ တတိယအနိုင်ဂိုးရှင် အဂူရိုကို ထုတ်ပြီး နာစရီ အစားထိုး ကစားခဲ့ပြန်ပါတယ်။ ၇၇ မှာ ဇစ်ကို အပိုင်ကန်သွင်းခွင့် တစ်ကြိမ်ရခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီဂီအာ ကာကွယ်နိုင်ခဲ့ပါတယ်။ ၈၀ မိနစ်မှာတော့ အိမ်ရှင် မန်ယူအတွက် သိက္ခာဆည် ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဖလက်ချာက ဂျိုးဟတ်ရဲ့ ဘယ်ဖက် အပေါ်ထောင့်ကို ကန်သွင်းပြီး ချေပဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂိုးပြတ်နေပြီ ဖြစ်တဲ့အတွက် မန်စီးတီးအသင်းဟာလည်း ကြိုးစားကစားခြင်း မရှိတော့ပဲ ၁၀ ယောက်တည်း ဖြစ်နေတဲ့ မန်ယူရဲ့ တန်ပြန်တိုက်စစ်ကိုသာ ခုခံကစားသွားခဲ့ပါတယ်။ ၈၉ မိနစ်မှာတော့ စီးတီးတို့ ထပ်မံ ဂိုးသွင်းယူလိုက်ပြန်ပါပြီ။ ထောင့်ကန်ဘောကနေတစ်ဆင့် ထွက်လာတဲ့ ဘောလုံးကို လက်စကော့က ပြန်ချိုးပေးရာမှာ ဇီကို အသာအယာပဲ သွင်းယူသွားခဲ့ပါတယ်။ ဆက်တိုက်ပဲ ကောင်တာပေါက်ထွက်လာပြီး ဆေးလ်ဗားက စီးတီးတို့အတွက် ပဉ္စမမြောက် ဂိုးတစ်ဂိုး သွင်းယူလိုက်ပြန်ပါတယ်။ ၉၂ မိနစ်မှာ ဇစ်ကို အခွင့်အရေးတစ်လုံး ထပ်ရပါသေးတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဂိုးပေါက်လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ၉၃ မိနစ်မှာတော့ ဇီကိုကပဲ ကောင်တာကနေတစ်ဆင့် ၆ ဂိုးမြောက်ဂိုးကိုသွင်းယူလိုက်ပါတော့တယ်။


ဒီနေ့ မန်ချက်စတာဒါဘီပွဲဟာ ထင်မှတ်မထားလောက်အောင် ဂိုးပြတ်သားခဲ့သည့် ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ မမြင်တွေ့ရတာ ကြာပြီ ဖြစ်တဲ့ အရှုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အတွက်တော့  ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သမိုင်းဝင် အရှုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီအနိုင်ရလာဒ်ကြောင့် မန်စီးတီးအသင်းဟာ မန်ယူအသင်းထက် ၅ မှတ်အသာနှင့် ဇယားထိပ်မှာ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပါတယ်။



Super Mario: Balotelli strokes Manchester City into the lead, before revealing a message


Hands off: Manchester United's Nani (left) holds off Manchester City's David Silva




Red Devil: Evans (second right) is given a straight red card by referee Mark Clattenburg


Double up: Balotelli (45) celebrates his second goal for Manchester City


Lighting the fuse: Mario Balotelli strikes the ball towards the bottom corner of United's goal






No stopping that: United goalkeeper David De Gea attempts to get across but can't prevent the shot going in




Read all about it: Balotelli (left) celebrates by revealing a t-shirt that read 'why always me?'






Smells like team spirit: The Italian striker's City team-mates mob him after his opening goal




Seeing red: United defender Jonny Evans (right) is sent off by Mark Clattenburg after fouling Balotelli








Protest: United players surround referee Clattenburg after he sent off Evans in the second half





Super Mario: Balotelli (right) pops up at the far post to score City's second goal






Three is the magic number: Sergio Aguero (left) followed Balotelli onto the scoresheet for the third goal






Having a ball: Argentina striker Aguero celebrates his strike in front of a stunned Old Trafford crowd




Silva service: David Silva celebrates after scoring City's fifth goal to cap another outstanding show






Six appeal: Dzeko shows the crowd the score and defender Aleksandar Kolarov celebrates




Let's all do the Poznan: City fans celebrate their stunning win at the home of their rivals








--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်