အသီး သီးချမှတ်ခဲ့ပြီးနောက် ယင်းဇာတ် ကားအတွက်စီးပွားရေးအရ နစ်နာ ဆုံးရှုံးခဲ့ရ မှုများအပေါ် ဥပဒေ ကြောင်းအရ နစ်နာကြေးတောင်း ဆိုသွားရန်ရှိကြောင်း ဇာတ်ကား ထုတ်လုပ်သည့် ကန်းထရီးစတား ရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဦးမြ အေးက ပြောသည်။ “မြို့ပတ်ရုံတွေမှာ ပြသနေ ဆဲအချိန်မှာ ခိုးကူးခွေထွက်လာ တဲ့အတွက် ရုံတွေရဲ့ ဝင်ငွေထိ ခိုက်သွားတယ်။ နယ်တွေမှာဆို လည်း ခိုးကူးရောက်သွားတော့ ခွေဖြန့်ဖို့ ခက်သွားတယ်။ဗီဒီယို ပြန်ထုတ်မယ်ဆိုတော့လည်း ခိုး ကူးထွက်ထားလို့ဆိုပြီး နယ်ကိုယ် စားလှယ်တွေ ဈေးနိုမ်ပြန်တယ်။ ဒါကြောင့် ထုတ်လုပ်သူ အနေနဲ့ စီး ပွားရေးအရ နစ်နာဆုံးရှုံးမှုတွေရှိ ခဲ့လို့ အခုပြစ်ဒဏ်ချခံရသူ ရှစ်ဦး ဆီကနေ နစ်နာကြေးတောင်းဆို သွားဖို့လုပ်နေပါတယ်”ဟု ၄င်းက ပြောသည်။
မာမီရှိန်းဇာတ်ကားအား တရားမဝင်ကူးယူပြသခြင်းအ တွက် အရေးယူခံရသူရှစ်ဦးမှာ ဗီဒီယို ဥပဒေပုဒ်မ ၃၂ (က) (ခ) အရ ပြည့်ဖြိုးမောင် ဗီဒီယိုထုတ် လုပ်ရေးပိုင်ရှင် ပြည့်ဖြိုးမောင် အား ထောင်ဒဏ်တစ်နှစ်၊ ဗီဒီယို ဥပဒေပုဒ်မ ၃၂ (ခ)အရ ကျော်စွာ မင်း(ခ) မင်းမင်း၊ မင်းကိုနိုင် (ခ) အသေးလေး (သဇင်ခွေငှားဆိုင်)၊ ကိုညီ(ခ) ညီညီထွန်း (စူပါပါဝါ ခွေငှားဆိုင်)၊ ဇော်ဇော်လွင်၊ ဆန်း ဝင်း ၊ ဂျင်မီစိုးနှင့် အန်းကူ (ခ) တင်ဦး တို့အား ထောင်ဒဏ်ခြောက်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်