BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, November 14, 2011

ဘက်ဟမ်းနေရာ အစားထိုးရန် လမ်းပတ်အား စိတ်ဝင်စား နေသည့် ဂလက်ဆီ

Share|
အသင်းမှ ထွက်ခွာသွားသည့် ဒေးဗစ် ဘက်ဟမ်း၏ နေရာတွင် အစားထိုးရန် အတွက် ချယ်လ်ဆီး ကွင်းလယ်လူ ဖရန့်ခ် လမ်းပတ်အား လော့စ်အန်ဂျလိစ် ဂလက်ဆီက အလို ရှိနေကြောင်း သိရှိရသည်။

ဘက်ဟမ်းသည် နိုဝင်ဘာ လကုန်ပိုင်းတွင် အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲဝင် ကလပ် အသင်းကို စွန့်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထို့ကြောင့်လည်း ဂလက်ဆီက အသင်း၏ ပုံရိပ်ကို မြှင့်တင်နိုင်မည့် နောက်ထပ် ကစားသမားကောင်း တစ်ဦးကို အလိုရှိနေကြောင်း သတင်းများက ဆိုသည်။ အသက်(၃၃)နှစ်ရှိ လမ်းပတ်သည် လူငယ် ကစားသမားများကို ပိုမို နေရာပေးလိုသည့် ပေါ်တူဂီသား မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ် လက်ထက်တွင် အနာဂတ် မရေမရာ ဖြစ်နေသူလည်းဖြစ်သည်။ ထိုအနေအထားသည် ဂလက်ဆီ အတွက် စိတ်ဝင်စားစရာ ဖြစ်နေကြောင်းလည်း သိရှိရသည်။
ဂလက်ဆီမှ အလိုရှိနေသည့် လမ်းပတ်
အသက်(၃၆)နှစ်ရှိ ဘက်ဟမ်းသည် ပဲရစ် စိန့်ဂျာမိန်းနှင့် တော့တင်ဟမ် ဟော့စပါး အသင်းများ၏ အပြိုင်အဆိုင် ချိတ်ဆက် ကြိုးပမ်းမှုကို ခံနေရသူ ဖြစ်သည်။ မေဂျာလိဂ် ကော်မရှင် အဖွဲ့ဝင် ဒွန်ဂါဘာက “ဘက်ဟမ်း ဒီမှာ လာကစားခဲ့တဲ့ အတောအတွင်း ကွင်းတွင်းကွင်းပြင် နှစ်နေရာလုံးမှာ ကျွန်တော်တို့ မျှော်လင့် ထားတာတွေကို ဖြည့်ဆည်း နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ကျော်ကြားမှုကြောင့် မေဂျာလိဂ်ကို ကမ္ဘာက အာရုံစိုက်လာခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ ယခုအခါ ဂလက်ဆီသည် ဘက်ဟမ်းနေရာ ဆက်ခံမည့် နေရာအတွက် အင်္ဂလန် ၀ါရင့် လမ်းပတ်ကို အလို ရှိနေပြီ ဖြစ်ကြောင်း Daily Mailက ဖော်ပြ သွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်