![]() မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် မီဒီယာ ဒါရိုက်တာ တို့က ယနေ့ ကျင်းပသည့် National Olympic Council အစည်းအဝေးတွင် အဆိုပါ ကိစ္စအား တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး မကြာမီ အချိန်အနည်းငယ် အတွင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ အဖြေသိရဖွယ် ရှိနေသည်။ "ဒီမနက်လုပ်တဲ့ NOC အစည်းအဝေးမှာ ကျွန်တော်တို့ မြန်မာအသင်း ပွဲစဉ်နဲ့ ဗီယက်နမ် အသင်း ပွဲစဉ်ကို တစ်ချိန်တည်း ကစားခွင့်ပေးဖို့ တောင်းဆို ထားပါတယ်။ အုပ်စု ပထမနေရာ အတွက် အရေးကြီးတဲ့ အနေအထားပါ။ မြန်မာအသင်း အနေနဲ့ ဗိုလ်လုပွဲ တက်ဖို့ အထိ အစွမ်းကုန် ပြင်ဆင် နေပါတယ်" ဟု MFF Media Director ဦးစိုးမိုးကျော်က ဆိုသည်။ လက်ရှိ ရေးဆွဲထားသော ပွဲစဉ်ဇယား အရ မြန်မာ အသင်းသည် နိုဝင်ဘာ ၁၅ ရက်နေ့တွင် အုပ်စု(ခ) နောက်ဆုံးပွဲစဉ် အဖြစ် ဒေသစံတော်ချိန် ညနေ ၄း၀၀ နာရီတွင် အရှေ့တီမောနှင့် ကစားရမည် ဖြစ်ပြီး ဗီယက်နမ် အသင်းမှာမူ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၄း၀၀ နာရီမှသာ လာအို အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ သို့ဖြစ်ရာ အုပ်စု ပထမနေရာ အတွက် ဗီယက်နမ် အသင်းမှာ ဂိုးကွာခြားချက် ၂ ဂိုး အသာရနေသည့် အပြင် ပွဲစဉ်ဇယား အရလည်း အုပ်စု ပထမဖြင့် တစ်ဖက်မှ တက်လာဖွယ် ရှိနေသည့် အိမ်ရှင် အင်ဒိုနီးရှား အသင်းအား ဆီမီးဖိုင်နယ်တွင် ရှောင်ရှားနိုင်ရန် အခွင့်အရေး များစွာ ရှိနေကြောင်း တွေ့ရသည်။ အခြားသတင်း တစ်ရပ် အနေဖြင့် မြန်မာ အသင်းသည် အရှေ့တီမောနှင့်ပွဲစဉ်တွင် ကစားသမား အပြောင်းအလဲ ပြုလုပ်သွားဖွယ် ရှိကြောင်းနှင့် ရှေ့တန်းလူ ကျော်ကိုကိုအား အနားပေးထားဖွယ် ရှိကြောင်း သိရသည်။ |
Monday, November 14, 2011
အုပ်စု နောက်ဆုံးပွဲစဉ် တစ်ချိန်တည်း ကစားခွင့်ပြုရန် မြန်မာအသင်း တောင်းဆို
Labels:
ဘောလုံးသတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်