Share|
လီဗာပူးလ် အသင်း မန်နေဂျာ ကင်နီ ဒဲလ်ဂလစ်ရှ်သည် ဆွစ်ဇာလန် ကလပ် ဘေဆယ်လ်မှ လူငယ်သွေးသစ် တိုက်စစ်မှူးလေး တစ်ဦးကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရှိရသည်။
အသက်(၁၅)နှစ်ရှိ နီကိုလက်စ် ဟန်ဇီကာအား အစမ်းခေါ်ယူ လေ့ကျင့်စေမှု အရ ဒဲလ်ဂလစ်ရှ်သည် အလွန် အထင်ကြီး သဘောကျ နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လီဗာပူးလ်၏ လူငယ်သွေးသစ် ရှာဖွေရေး ကင်းထောက် ဖရန့်ခ် မက်ပါလန်က တောက်မည့်မီးခဲ တရဲရဲအဖြစ် သတ်မှတ် ခံထားရသည့် ဆယ်ကျော် သက်လေးအား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လီဗာပူးလ်သည် ဟန်ဇီကာကို စာချုပ်ခေါ်ယူရန် အလေးအနက် စဉ်းစားနေပြီဟု Mirror က ရေးသား ဖော်ပြသွားသည်။
ဟန်ဇီကာသည် လူငယ်အဆင့် ပြိုင်ပွဲများတွင် လက်ရွေးစင် အသင်းအတွက် ပွဲဦးထွက်တွင် Hat-Trick သွင်းယူထားသူ ဖြစ်သည်။ ယခုအခါ လီဗာပူးလ်သည် ဘေဆယ်လ်ထံသို့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရန် စီစဉ်နေပြီဟု ယုံကြည်ရဖွယ် ရှိနေသည်။ Mirror က လီဗာပူးလ်သည် ဟန်ဇီကာကို သင့်တော် မျှတသည့် ဈေးနှုန်း တစ်ရပ်ဖြင့် ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်းလည်း သုံးသပ် ဖော်ပြခဲ့သည်။ ၎င်းအား ခေါ်ယူရန် ဒဲလ်ဂလစ်ရှ် အပြင် လီဗာပူးလ်၏ ဘောလုံး ဒါရိုက်တာ ဒါမိန်း ကိုမိုလီကပါ ထောက်ခံ သဘောတူ ထားကြောင်း သိရှိရသည်။
လီဗာပူးလ် အသင်း မန်နေဂျာ ကင်နီ ဒဲလ်ဂလစ်ရှ်သည် ဆွစ်ဇာလန် ကလပ် ဘေဆယ်လ်မှ လူငယ်သွေးသစ် တိုက်စစ်မှူးလေး တစ်ဦးကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရှိရသည်။အသက်(၁၅)နှစ်ရှိ နီကိုလက်စ် ဟန်ဇီကာအား အစမ်းခေါ်ယူ လေ့ကျင့်စေမှု အရ ဒဲလ်ဂလစ်ရှ်သည် အလွန် အထင်ကြီး သဘောကျ နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လီဗာပူးလ်၏ လူငယ်သွေးသစ် ရှာဖွေရေး ကင်းထောက် ဖရန့်ခ် မက်ပါလန်က တောက်မည့်မီးခဲ တရဲရဲအဖြစ် သတ်မှတ် ခံထားရသည့် ဆယ်ကျော် သက်လေးအား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လီဗာပူးလ်သည် ဟန်ဇီကာကို စာချုပ်ခေါ်ယူရန် အလေးအနက် စဉ်းစားနေပြီဟု Mirror က ရေးသား ဖော်ပြသွားသည်။
ဟန်ဇီကာသည် လူငယ်အဆင့် ပြိုင်ပွဲများတွင် လက်ရွေးစင် အသင်းအတွက် ပွဲဦးထွက်တွင် Hat-Trick သွင်းယူထားသူ ဖြစ်သည်။ ယခုအခါ လီဗာပူးလ်သည် ဘေဆယ်လ်ထံသို့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရန် စီစဉ်နေပြီဟု ယုံကြည်ရဖွယ် ရှိနေသည်။ Mirror က လီဗာပူးလ်သည် ဟန်ဇီကာကို သင့်တော် မျှတသည့် ဈေးနှုန်း တစ်ရပ်ဖြင့် ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်းလည်း သုံးသပ် ဖော်ပြခဲ့သည်။ ၎င်းအား ခေါ်ယူရန် ဒဲလ်ဂလစ်ရှ် အပြင် လီဗာပူးလ်၏ ဘောလုံး ဒါရိုက်တာ ဒါမိန်း ကိုမိုလီကပါ ထောက်ခံ သဘောတူ ထားကြောင်း သိရှိရသည်။









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်