ဂစ်အတွက် ကြေးရုပ်တု တစ်ခု ကျွန်တော်တို့ သွန်းလုပ် စိုက်ထူပေးရမယ်
ဝိန်းရွန်နေးက အံ့ဖွယ်ဘောလုံးသမား ရိုင်ယန်ဂစ်၏ မွေးနေ့အား ဂုဏ်ပြုရန်အလို့ဌာ မန်ချက်စတာ ယူနိုက်တက်အသင်းသည် ကြေးရုပ်တုတစ်ခုအား စိုက်ထူသင့်ကြောင့် ထုတ်ဖေါ်ပြောကြားခဲ့သည်။
အဆိုပါ ယူနိုက်တက် တိုက်စစ်မှူးက ထိုကဲ့သို့ ပြုလုပ်ပေးမှ သာလျှင် အသက် (၁၇)နှစ်အရွယ်ကတည်းက ဘောလုံးသမားဘ၀ကို အိုးထရက်ဖို့ထ်တွင် စတင်ခဲ့ပြီး ယနေ့ (၃၈)နှစ်ပြည့်မြောက်မည့် ဝေးလ်စတားအား ပြီးပြည့်စုံသည့် ဂုဏ်ပြုမှု ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။
ရွန်နေးက "တစ်ကယ်လို့ လွန်ခဲ့တဲ့ အနှစ်ပေါင်း ၂၀ ကနေ ၂၅ နှစ်အတွင်းက ကစားသမားတစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ အိုးထရက်ဖို့ထ်အပြင်ဘက်မှာ ရုပ်တုတစ်ခု ပြုလုပ်မယ်ဆိုရင် ထိုက်တန်တဲ့သူဟာ ရိုင်ယန်ဂစ်ပဲ ဖြစ်ပါတယ်။"
"ဘာဖြစ်လို့လဲဆိုရင် ဒီမှာ ရိုင်ယန်ဂစ်လုပ်ခဲ့တာက တစ်ကယ့်ကို မယုံနိုင်လောက်အောင် ထူးချွန်ပြောင်မြောက်လှပါတယ်။"
"သူရဲ့ ပထမဦးဆုံး ပွဲဦးထွက်ကို အသက် ၁၇ နှစ်မှာ ပြုလုပ်နိုင်ခဲ့ပြီး နောက်ထပ် နှစ်ပေါင်း ၂၁ နှစ်တိုင်အောင် ထိပ်တန်းအဆင့်မှာ ကစားနေပါသေးတယ်၊ ဒါဟာ တစ်ကယ့်ကို ခန်းနားထယ်ဝါလွန်းတဲ့ အောင်မြင်မှု တစ်ခုပဲ ဖြစ်ပါတယ်။""သူဟာ ဒီဘောလုံး ကလပ်အတွက် အံ့ဖွယ် စွမ်းဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်၊ အခုထိလည်း သူ့အသက်အရွယ်နဲ့ မလိုက်အောင် အကောင်းဆုံး ပေးဆပ်နေတုန်းပဲ ဖြစ်ပါတယ်။ ဂစ်ရဲ့ လေ့ကျင့်ရေး နည်းလမ်းတွေ၊ သူ့ရဲ့ ပြင်ဆင်ပုံတွေဟာ ဒီကလပ်မှာ ရှိတဲ့ ကစားသမားတိုင်းအတွက် အံ့သြဖွယ် ဥပမာတွေ ဖြစ်ပါတယ်၊ သူဟာ နေ့စဉ်နေ့တိုင်း အလုပ်ကို အရမ်းကြိုးစားတဲ့အတွက် အရမ်းကို ထူးခြားတဲ့ ကစားသမားတစ်ယောက် ဖြစ်နေတာ ဖြစ်ပါတယ်။" ဟု ချီးမွန်းပြောကြား ခဲ့သည်။
ဂစ်သည် သူ၏ ပထမဦးဆုံး ပွဲဦးထွက်အား မတ်လ ၂ ရက်နေ့ ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့ပြီး ယခုအခါ သူသည် သရဲနီတို့အတွက် ပွဲပေါင်း ၈၈၇ ပွဲထိ ကစားပေးခဲ့ပြီး ဂိုးပေါင်း ၁၆၁ ဂိုးသွင်းယူပေးခဲ့ပြီး ဖြစ်သည်။ သူသည် ဆာဘော်ဘီချာလ်တန်၏ အိုးထရက်ဖို့ထ် စံချိန်(၇၅၈)ပွဲအား ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဖလားအား (၃)ကြိမ်မြောက် ဆွတ်ခူးခဲ့သည့် ၂၀၀၈ မော်စကိုဖိုင်နယ်နေ့တွင် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်