BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, November 30, 2011

ကွင်းလယ်ကို ဖြည့်ဆီးဖို့ ဆွီဒင်ကြယ်ပွင့် Rasmus Elm အား ပေါင် ၁၃ သန်းနှင့် ကမ်းလှမ်းရန် ချိန်ရွယ်နေတဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်သည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ ကာလမှာ လိုအပ်နေတဲ့ကွင်း လယ်ကို ဖြည့်တင်းရန်အတွက် ပေါင် ၁၃ သန်းနှင့် ဆွီဒင်ကြယ်ပွင့် Rasmus Elm အား ကမ်းလှမ်းတော့မည်ဟု သိရှိရသည် ။ မန်ယူနိုက်တက်နည်းပြ ဆာအဲလက်စ်က အနားယူသွားတဲ့ ပေါလ်စခိုးနေရာအား ယခုလက်ရှိအချိန်ထိ အစားထိုးဝယ်ယူမှု မရှိသေးပဲ ကလီဗာလေ ၊ အန်ဒါဆန်တို့နှင့်သာ အစားထိုးကစားခဲ့သည် ။
လက်ရှိမှာ မန်ယူအသင်းသည် ပြိုင်ဘက် မန်စီးတီးအသင်းအား ၅ မှတ်လျော့နှင့် ဒုတိယနေရာမှာရပ်တည်နေပြီး ၊ ချန်ပီယံလိဂ်မှာ အသုံးပြုရန်အတွက် ကလီဗာလေ ၊ အန်ဒါဆန်တို့နှစ်ဦးသည်လည်း ဒဏ်ရာကိုယ်စီရရှိလျက်ရှိနေသည် ။
အန်ဒါဆန်မှာလည်း ဒဏ်ရာကိုကုသလျက်ရှိပြီး ဖေဖော်ဝါရီလမှာ ပြန်လာနိုင်ဖို့သည်ပင် မရေမရာဖြစ်နေသည် ။ ကလီဗာလေတစ်ယောက်ကလည်း အလာတူပင် နှစ်သစ်ကူးကာလအထိ အနားယူရမည်ဖြစ်လေသည် ။
လက်ရှိမှာ ဖာဂူဆန်သည် ဖလက်ချာ ၊ ကာရစ်တို့နှင့်သာ ကွင်းလယ်တွင် စီမံခန့်ခွဲနေရသလို ၊ လိုအပ်လျှင် ရွန်းနီကိုပါ ကွင်းလယ်တွင် ထည့်သွင်းကစားစေခဲ့သည် ။
ဖာဂူဆန်ကတော့ "ဒါက မန်ယူနိုက်တက်အတွက် လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ဘူး ။ ကျွန်တော်အသင်းကို ပိုမိုကောင်းမွန်အောင် ကစားနိုင်မယ့် ကစားသမားမတွေ့သေးပါဘူး ။ သူကတော့ ဖြစ်နိုင်မယ့်သူ တစ်ယောက်ပါ ။ အဲဒီကလပ်မှာ နှစ်ယောက် သုံးယောက်လောက် စိတ်ကြိုက် ကျွန်တော်ရွေးချယ်လို့ရပါတယ် ။   " ဟု ပြောကြားခဲ့သည် ။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်