
၂၀၁၀ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ၏မြို့တော် ဒေလီသည် မြို့ကြီး ၃၅ မြို့အနက် မုဒိမ်းမှု အများဆုံး ဖြစ်ပွားခဲ့သည့် မြို့ ဖြစ်ကြောင်း အမျိုးသား မှုခင်း ထိန်းချုပ်ရေး ဗြူရိုမှ စာရင်းများ ထုတ်ပြန်ခဲ့သည်။ ယင်းနှစ်၌ ဒေလီမြို့တွင် ပြန်ပေးဆွဲ လိင်စော်ကားခံရမှု စုစုပေါင်း ၁၄၄၂ ခု ဖြစ်ပွားခဲ့ပြီး ၎င်းအရေအတွက်သည် မြို့ကြီး ၃၅ မြို့ စုစုပေါင်း၏ ၃၇ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော် ပြထား သည်။ ထို့ပြင် အမျိုးသမီး ၁၁၂ ဦးမှာ ပစ္စည်းလုယူ အသတ်ခံခဲ့ ရပြီး အမျိုးသမီး ၁၂၇၃ ဦးမှာ လင်ယောကျာ်း ဆွေမျိုးများ၏ နှိပ်စက်မှုခံရ၍ ဒုက္ခကြုံရသော အမှုဖြစ်ပွားခဲ့ကြသည်။ ဒေလီမြို့ပြီး နောက် မွမ် ဘိုင်းတွင်လည်း ၂၀၁၀ အတွင်း လိင်ဘက်ဆိုင်ရာ စော်ကားခံ ရမှု ၁၉၄ မှုဖြင့် ဒုတိယနေရာရှိ ခဲ့သည်။ ထို့ပြင် အမျိုးသမီးများအား ပြန်ပေးဆွဲမှု ၁၄၆ မှုလည်း ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။ ကွန်ပျူတာ ဆော့ဖ်ဝဲမြို့ အဖြစ် ထင်ရှားသော ဘင်ဂလား မြို့တွင် လိင်စော်ကားခံရမှု ၆၅ မှုဖြစ်ပွား ခဲ့သည်။ ပြည်နယ်များအနေဖြင့် မဒ္ဒရာပရာဒေ့ရှ်သည် အမြင့်ဆုံး ဖြစ်ပြီး ၃၁၃၅ မှု ရှိခဲ့သည်။ ဒုတိယမှာ အနောက် ဘင်္ဂလားပြည်နယ်ဖြစ်ပြီး အမှု ၂၃၁၁ မှု ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည့် စာရင်းဇယား များက ဖော်ပြသည်။ Ref : Time of India
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်