အဆိုပါဇာတ်ကားမှာ "ရင်ခုန် နှင်းဆီ"အမည်ရ ဇာတ်ကားဖြစ်ပြီး၊ ဇာတ်လမ်းဆုဩချယ်၊ ဇာတ်ညွှန်း မျိုးကိုမျိုးတို့၏ ဇာတ်လမ်းကို ဒါရိုက် တာအောင်ဆွေမြန်မာ ကရိုက်ကူး ထားခြင်းဖြစ်သည်။ ယင်း 'ရင်ခုန်နှင်းဆီ'ဇာတ် ကားတွင် သရုပ်ဆောင် (ဦး)ကျော် သူနှင့်အတူအကယ်ဒမီ မို့မို့မြင့် အောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန် မြင့်နှင့် ဧည့်သည် သရုပ်ဆောင်အ ဖြစ် မြတ်ကေသီအောင် တို့ပါဝင် သရုပ်ဆောင် ထားသည်။ "အဲဒီဇာတ်ကားထဲမှာ စိုင်းစိုင်း ခမ်းလှိုင်ရဲ့ အဘနေရာကနေ (ဦး) ကျော်သူက သရုပ်ဆောင်ကာ..၊ ဇာတ်ကားထဲမှာတော့ အကယ်ဒမီ ကျော်သူဆိုပြီး အရင်ဆုံး စာတန်းထိုး သွားတယ်"ဟု 'ရင်ခုန်နှင်းဆီ' ဇာတ် ကားအား အခွေအငှားဆိုင်မှ ငှား ရမ်းကြည့်ရှုခဲ့သော ကျောက်မြောင်း နေ မစန္ဒာလင်းက ပြောကြားသည်။
'ရင်ခုန်နှင်းဆီအမည်ရှိ အဆို ပါဇာတ်ကား၏ Cover တွင်၆၂၈/ ၂၀၁၁ç ၂၇.၇.၂၀၁၁ ဟုဖော် ပြထားပြီး၊ ရိုက်ကူးသည့် ခုနှစ်ဖော် ပြထားခြင်းမရှိသည်ကို တွေ့ရ သည်။ သရုပ်ဆောင် (ဦး)ကျော်သူပါ ဝင်သရုပ်ဆောင်ထားသည့် ဇာတ် ကားများမှာ ပရိသတ်များနှင့် နှစ် အတန်ကြာကင်းကွာနေခဲ့ရာမှ ယခု 'ရင်ခုန်နှင်းဆီ' ဗွီဒီယိုဇာတ်ကားမှာ ပရိသတ်ကြားတွင် ပထမဦးဆုံးအ ကြိမ် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်) ၏ ဥက္ကဋ္ဌ (ဦး)ကျော်သူသည် သရုပ် ဆောင် တစ်ယောက်အဖြစ် အကယ် ဒမီရသည် အထိအောင်မြင်ခဲ့ရုံသာ မက၊ ဒါရိုက်တာ တစ်ယောက် အဖြစ်လည်း ပရိသတ်လက်ခံခဲ့ သူဖြစ်သည်။ (ဦး)ကျော်သူ၏ ပရိသတ်ထဲ တွင် နိုင်ငံတော်သမ္မတကြီးဦးသိန်း စိန်ကိုယ်တိုင် ပါဝင်ပြီး၊ ရုပ်ရှင်ဇာတ် ကားများ ပြန်လည်ရိုက်ကူးရန် နိုင်ငံ တော်သမ္မတကြီးက (ဦး)ကျော်သူ အား တိုက်တွန်းထားသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်