BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, January 12, 2012

ပေါစခိုးလ်၊ အွန်နရီတို့ပြီးနောက် ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်လ်ဒိုလည်း ပြန်လာပြီ


ပေါစခိုးလ်၊ အွန်နရီတို့ပြီးနောက် ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်လ်ဒိုလည်း ပြန်လာပြီ
ပေါစခိုးလ်၊ အွန်နရီတို့ပြီးနောက် ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်လ်ဒိုလည်း ပြန်လာပြီ
ပြီးခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်များတွင် အသင်းဟောင်းများအတွက် ကစားကွင်းအတွင်း တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ကြသည့် မန်ယူကစားသမားဟောင်း ပေါစခိုးလ်နှင့် အာဆင်နယ်တိုက်စစ်မှူး အွန်နရီတို့ကြောင့် ဘောလုံးလောကအတွင်း ပြောစရာများ များပြားခဲ့ရသည်။ အထူးသဖြင့် အာဆင်နယ်အသင်း၏ ဂန္ထ၀င်တိုက်စစ်မှူး အွန်နရီမှာ အသင်းဟောင်းအာဆင်နယ်အတွက် ပြန်လည်ကစားပေးခဲ့သည့် ပထမဆုံးပွဲတွင်ပင် အသင်းအတွက် အရေးပါသည့် တစ်လုံးတည်းသော အနိုင်ဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် မီဒီယာများထက်တွင်  နေရာယူနိုင်ခဲ့သည်။ ထို့ပြင် ဘောလုံးရာသီမစတင်မီက ဘောလုံးကစားခြင်းမှ အနားယူပြီဟု ကြေညာထားခဲ့သည့် ပေါစခိုးလ်မှာလည်း အသင်းအတွက် လိုအပ်ချက်များဖြစ်ပေါ်နေသည့် ကွင်းလယ်ကို ကူညီဖြည့်တင်းပေးရန် ကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်လာခဲ့ရာ ၄င်းတို့၏ ပရိသတ်များအတွက် သဘောကျစရာ ဖြစ်ခဲ့ရသည်။

ယခုအခါ ဘရာဇီးလ်ဂန္ထ၀င်တိုက်စစ်မှူးဖြစ်သည့် ရော်နယ်လ်ဒိုမှာလည်း ဘောလုံးလောကထံ ပြန်လည်ဝင်ရောက်လာခဲ့ပြန်သည်။ သို့သော် ရော်နယ်လ်ဒို ၀င်ရောက်လာမှုမှာ ဘောလုံးကစားမည့် ကစားသမားအဖြစ် မဟုတ်ဘဲ PSG အသင်းတွင် အားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကစားဖော်ဟောင်း လီယိုနာဒိုကို တွေ့ဆုံရန်သာ ဖြစ်ခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed