![]()
ဘာလိုတယ်လီရဲ့ လက်ရှိတန်ဖိုးဟာ ပေါင်သန်း ၆၀ ပါ။
ဘာလိုတယ်လီ၏ အေးဂျင့် ဖြစ်သူ ရိုင်အိုလာက သူ့၏ ကစားသမားသည် သန်း၆၀ တန်ကြေး ရှိနေပြီး ယခုအချိန်မှာ အီတလီအသင်းများအတွက် သူ့အားခေါ်ယူရန် ဒီပမာဏဟာ အလွန်လွန့်ကြီးမားနေကြောင်း ပြောဆိုခဲ့သည်။ ထိုပြောဆိုမှု့နောက်တွင် ဘာလိုတယ်လီသည် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ထပ်မံ တိုးရန် အဆင့်သင့်အနေအထားမျိုး ဖြစ်နေခဲ့သည်။
သူ့၏ ကိုယ်စားလှယ် ဖြစ်သူ မီနိုရိုင်အိုလာက စီးရီးအေ အသင်းများအား သူ့ကစားသမား၏ တန်ဖိုးမှာ သန်း၆၀ ရှိနေသည့်အတွက် ဘာလိုတယ်လီအား ခေါ်ယူရန် စိတ်ဝင်စားနေမှု့များအား မေ့ပစ်လိုက်ရန် ပြောကြားခဲ့သည်။ ရိုင်အိုလာက '' မာရီယို ( ဘာလိုတယ်လီ)ဟာ မန်စီးတီးမှာ ကောင်းမွန်စွာရှိနေပြီး သူ့ရဲ့ စာချုပ်ကိုထပ်မံ သက်တမ်းတိုးမြှင့်ဖို့ ဖြစ်ပေါ်လာတော့မှာပါ။ ကျွန်တော့ အထင်သူ့အတွက် စီးရီးအေကို ပြန်လည်သွား ကစားဖို့ဆိုတာ လွယ်လွယ်ကူကူ ရှိမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အီတလီအတွက် သူ့ရဲ့ ပမာဏကြေးက အရမ်းများပြားနေတာကြောင့်တာပါ။ '' ဟုပြောဆိုသွားခဲ့သည်။ ၂၁နှစ်အရွယ် အီတလီကြယ်ပွင့် ကစားသမားသည် ၂၀၁၀ သြဂုတ်လက အင်တာမီလန် အသင်းမှ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ ဖြစ်သော်လည်း အီတလီကလပ်အသင်းများဖြစ်သော အသင်းဟောင်း အင်တာနှင့် ပြိုင်ဘက်အေစီမီလန်တို့က ပြန်လည်ခေါ်ယူရန် ချိတ်ဆက်ခံနေရသူလည်း ဖြစ်သည်။ အဆိုပါ အခြေအနေနှင့် ပတ်သတ်၍ အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ဘယ်ကလပ်အသင်းကမှ သူ့အတွက် ဈေးနှုန်းကို ပေးဝယ်ယူနိုင်မယ်လို့ မထင်ကြောင်းလည်း ထပ်မံ ပြောကြားခဲ့သည်။ '' အင်တာမီလန်နှင့် အေစီမီလန်အသင်းတွေဟာ တီဗက်စ်အတွက် ရင်းနှီးမြှုပ်နှံငွေ ပေါင် ၂၅သန်း ရှာဖွေဖို့ အတွက်တောင် ခက်ခဲမှု့တွေ ရှိနေရင် ဘာလိုတယ်လီအတွက် ပေါင်သန်း ၅၀ ဒါမှမဟုတ် သန်း၆၀ ဆိုတာကို ဘယ်လိုပေးနိုင်ပါ့မလဲ? ဒီဈေးနှန်းဟာ ဘာလိုတယ်ရီရဲ့ တန်ဖိုးပါပဲ။ သူဟာ နံပါတ်ဝမ်း တစ်ယောက်ပါ။'' ဟု ဘာလိုတယ်လီအား ခေါ်ယူလို့နေသည့် အီတလီ အသင်းများအပေါ် ဝေဖန်ပြောကြားခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com










Rangoon Time