ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA)က (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလား ထုတ်လွှင့် ပြသမှုအတွက် အရှေ့တောင် အာရှ နိုင်ငံ အချို့နှင့် မူပိုင်ခွင့် ညှိနှိုင်းမှု အဆင်ပြေခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ရာ မြန်မာနိုင်ငံမှ ရွှေသံလွင် မီဒီယာလည်း ပါဝင်နေကြောင်း သိရသည်။UEFA က ၎င်းတို့သည် ဟောင်ကောင်၊ စင်္ကာပူနှင့် မြန်မာနိုင်ငံများအတွက် ဥရောပဖလား ပြိုင်ပွဲဆိုင်ရာ မီဒီယာ မူပိုင်ခွင့် သဘောတူညီချက် ရရှိထားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဟောင်ကောင်သည် (၂၀၀၈)ခုနှစ်၊ ဥရောပ ဖလားပြိုင်ပွဲတွင်လည်း UEFAနှင့် မီဒီယာ မူပိုင်ခွင့်ကိစ္စ အောင်မြင်ပြည့်ဝစွာ ပူးပေါင်း လုပ်ဆောင် နိုင်ခဲ့သည်။ ယခု ဘောလုံး ပြိုင်ပွဲတွင်လည်း ပွဲစဉ် (၃၁)ပွဲလုံးကို High Definition ထုတ်လွှင့်ပြသမည် ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲ မတိုင်မီကတည်းက မဂ္ဂဇင်း ပရိုဂရမ်များနှင့် ပွဲအပြီး သီးခြား Highlight ထုတ်လွှင့်မှုများကိုပါ ပြုလုပ်သွားမည် ဖြစ်သည်။ စင်္ကာပူတွင်မူ StarHub က ပွဲစဉ် အားလုံးနှင့် Highlight Packageများအတွက် သဘောတူညီမှု ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင်မူ ရွှေသံလွင်က UEFA၏ မီဒီယာ မူပိုင်ခွင့် အတွက် အထူးပြု သဘောတူညီချက် ရရှိလာသည်။ ထို့ကြောင့် ရွှေသံလွင်၏ အခပေး ရုပ်သံလိုင်းဖြစ်သော Skynet Sports Channel 1နှင့် 2တို့တွင် အဆိုပါ ပွဲစဉ် (၃၁)ပွဲလုံးကို ပြသမည်ဖြစ်သည်။ ထို့အပြင် Highlight များနှင့် အခြားသော ဆက်စပ် အစီအစဉ်များကိုလည်း ရွှေသံလွင် အနေနှင့် ပြသခွင့် ရရှိမည်ဖြစ်သည်။ ယခု သဘောတူညီချက်တွင် (၂၀၁၃)ခုနှစ် UEFA (၂၁)နှစ်အောက် ချန်ပီယံရှစ်နှင့် (၂၀၁၃)ခုနှစ် UEFA အမျိုးသမီး ဥရောဖလား ပြိုင်ပွဲများ ထုတ်လွှင့်ပြသခွင့်အတွက်ပါ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
UEFAသည် အခြားသော အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ် စသည်တို့နှင့်လည်း သီးခြား မီဒီယာ မူပိုင်ခွင့်များ ရရှိထားကြောင်း သိရှိရသည်။
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com









Rangoon Time