![]()
အာစင်နယ်လ်အသင်းက အသင်းခေါင်းဆောင်ဗန်ပါစီရဲ့ ၅နှစ်အရွယ်သားဖြစ်သူ ရှကွီးလ်ဗန်ပါစီကို အသင်းရဲ့ လူငယ်စီမံကိန်းတွင် ပူးပေါင်းရန် ကမ်းလှမ်း
အာစင်နယ်လ်အသင်း အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီဟာ သူ၏ ၅နှစ်အရွယ် သားငယ် ရှကွီးလ်ကို အာစင်နယ်လ်အသင်းက အသင်းရဲ့ လူငယ်စီမံကိန်းတွင် ပူးပေါင်းစေရန် ကမ်းလှမ်းနေကြောင်း ဖွင့်ဟလိုက်သည်။ ရှကွီးလ်ဟာ ဖခင်ဖြစ်သူကဲ့သို့ ဘောလုံးအားကစားကို စိတ်ပါဝင်စားရုံသာမက ဂေါက်သီးရိုက်ရာတွင်လည်း ထူးချွန်ကြောင်းသိရသည်။ အာစင်နယ်လ်အသင်းဟာ ရှကွီးလ်အား ၂ကြိမ်တိတိကမ်းလှမ်းခဲ့ပြီး ဗန်ပါစီကတော့ သားဖြစ်သူပျော်ရွှင်သောနေရာတွင်သာ ကစားစေလိုခြင်းကြောင့် ပယ်ချထားခဲ့သည်။ ရှကွီးလ်ဟာ လက်ရှိမှာ စပါးအသင်းကစားသမား ရာဖေးလ်ဗန်ဒါဗတ်၏သားဖြစ်သူ ဒါမီယန်နှင့်အတူ စပါးအသင်းရဲ့ ၆နှစ်အောက်အသင်းတွင် လေ့ကျင့်နေလျက်ရှိသည်။
သားဖြစ်သူနှင့်ပါတ်သတ်၍ ဗန်ပါစီက " သူ့မှာ ဘောလုံးနဲ့ပါတ်သတ်ပြီးတော့ ထူးချွန်တဲ့ စွမ်းရည်တွေရှိနေပါတယ်။ သူဟာ ကျွန်တော့်လိုပဲ တုံ့ပြန်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ လက်ရှိနည်းပြဟာလည်း ထူးချွန်သူဖြစ်တယ်။ အာစင်နယ်လ်ကတော့ သူ့ကို အသင်းမှာ လာရောက်ပူးပေါင်းဖို့ ၂ကြိမ်တိတိကမ်းလှမ်းခဲ့ပေမယ့် သူကတော့ သူ့ရဲ့လက်ရှိကလပ်မှာ ကစားနေရတာကို ပျော်နေပုံပါပဲ။ " ဟုပြောကြားခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com










Rangoon Time