![]()
ယခုနှစ် နွေရာသီတွင် မန်ချက်စတာ ယူနိုက်တက် နှင့် ဘာစီလိုးနား အသင်းတို့ ကွာလာလမ်ပူမှာ ခြေစမ်းပွဲ ကစားနိုင်ရန် မလေးရှား နိုင်ငံက ကြိုးစားနေ
အရှေ့တောင် အာရှရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု့ အရှိဆုံး နိုင်ငံ တစ်ခု ဖြစ်တဲ့ မလေးရှားနိုင်ငံဟာ အခုနှစ် ဘောလုံး ရာသီ အကုန် ဥရောပ ကလပ်များရဲ့နွေရာသီပြင်ဆင်မှု့များ အတွင်းမှာ ထိပ်သီး ကလပ်များကို ဖိတ်ခေါ် ခြေစမ်းသွားဖို့ စတင်စီစဉ်နေပါတယ် ။ ဥရောပထိပ်သီးကလပ် နှစ်သင်းဖြစ်တဲ့ ဘာစီလိုးနား အသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာလဲ ယခုနှစ်နွေရာသီ ခြေစမ်းပွဲတွေ အဖြစ် အာရှ ခရီးစဉ်တွေကို ရာထားတာမို့ ၊ သူတို့နိုင်ငံမှာ အဲ့ဒီနှစ်သင်း တကြိမ်လောက် ခြေစမ်းပွဲကန်နိုင်အောင် စီစဉ်သွားမယ်လို့ KL ရဲ့ အထင်ကရ Malay Mail သတင်းစာမှာ ဖေါ်ပြသွားပါတယ် ။
အစီစဉ်တွေသာ ဖြစ်မြောက်ခဲ့မယ်ဆိုရင် ဇွန်လရဲ့ နောက်ဆုံးပတ် အတွင်းမှာ ကန်နိုင်လိမ့်မှာ ဖြစ်ပြီး ဘာစီလိုးနားအနေနဲ့ မလေးရှားနိုင်ငံကို လာရောက် ခြေစမ်းတာ ဒါ ပထမဦးဆုံး ဖြစ်တယ်လို့ ဆိုရမှာပါ ။ စပိန်ဘီလူးဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတွေကိုလည်း လှည့်လည် ခြေစမ်းဖို့ ရှိတယ်လို့ အတည်မပြုနိုင် သေးတဲ့ သတင်းအနေနဲ့ ဖေါ်ပြထားပါတယ် ။
"အခုထိတော့ ညှိနှိုင်းနေတုန်း အဆင့်မှာပဲ ရှိပါသေးတယ် ၊ မန်ချက်စတာယူနိုက်တက်ကိုတော့ ဖိတ်ခေါ် နိုင်ဖို့ အလားအလာပိုများပါတယ် ၊ ဒါပေမယ့် အခု ကာလက ခြေစမ်းပွဲတွေ ဖိတ်ခေါ်တာနဲ့ ပတ်သတ်လို့ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ အတည်ပြုရမယ့် အချိန်မဟုတ်သေးပါဘူး" လို့ Malay Mail က ဖေါ်ပြထားပါတယ် ။
မန်ချက်စတာယူနိုက်တက်ရဲ့ မလေးရှား ခရီးစဉ်ဟာ အစိမ်းသက်သက် တော့မဟုတ်ပါဘူး ၊၂၀၀၉ ခုနှစ်က ကွာလာလမ်ပူမှာ လာရောက်ခြေစမ်းခဲ့ပါသေးတယ် ။ ပြီးခဲ့တဲ့ နှစ်ကတော့ ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ လီဗာပူလ်း ၊ ချဲလ်ဆီး နဲ့ အာဆင်နယ် အသင်းတွေကို ဖိတ်ခေါ် နိုင်ခဲ့ပါတယ်
|
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com