![]()
စီရော်နယ်ဒို လိုအပ်နေတာ ထောက်ခံအားပေးမှုပါ (ရီးရဲလ်ဂန္တ၀င် ဟူဂိုဆန်းချက်ဇ်)
ရီးရဲလ်မက်ဒရစ် အသင်း၏ ဂန္တ၀င်ကစားသမား ဟူဂိုဆန်းချက်ဇ်က အသင်း၏ ပေါ်တူဂီစတားအနေဖြင့် အမှန်တကယ် လိုအပ်နေသည်မှာ ထောက်ခံအားပေးမှုဖြစ်ကြောင်း၊ ပရိတ်သတ်များ အနေဖြင့် စီရော်နယ်ဒို ဘက်မှ ရပ်တည်ပေးရန် တိုက်တွန်းပြောကြား လိုက်သည်။
ရီးရဲလ်မက်ဒရစ် အသင်းသည် ကိုပါဖလားပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းဖြင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ ဘာစီလိုနာဖြင့် ရင်ဆိုင်ရတိုင်း ခြေစွမ်းပျောက်၍ ဝေဖန်ခံနေရသော စီရော်နယ်ဒိုအတွက် နောက်ထပ်ဆန်းသပ်မှု တစ်ခုပင် ဖြစ်သည်။ ဟူဂိုဆန်းချက်ဇ်က - "စီရော်နယ်ဒိုလိုအပ်နေတာ ထောက်ခံအားပေးမှုပါ၊ သူ့စိတ်ဓာတ်တွေ ကျဆင်းအောင် မလုပ်မိဖို့ ဂရစိုက်ရပါမယ်၊ ကျွန်တော်တို့ အားလုံးကလည်း သူရဲ့ အကျင့်စရိုက် ဘယ်လိုလက္ခဏာ ရှိတယ် ဆိုတာကိုလည်း ကောင်းကောင်း သိကြတာပဲ၊ သူဟာ ထောက်ခံအားပေးမှုကို အမြဲလိုအပ်နေတဲ့ ကစားသမားမျိုးပါ၊ တကယ်လို့ အသင်းအတွက် သူဂိုးတွေသွင်းပေးနိုင်ခဲ့ရင် အားလုံးအတွက် အကျိုးအမြတ် ရှိလာမယ်လေ" ဟု ပြောကြားသွားခဲ့သ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com










Rangoon Time