![]()
ရောက်ရောက်ချင်း ချဲလ်ဆီးပရိတ်သတ်တွေရဲ့ ဒေါသကိုဆွပေးလိုက်သော ကီဗင်ဒီဘရုန်း
ဂျန့်ခ်အသင်း၏ လူငယ်ကစားသမား ကီဗင်ဒီဘရုန်းသည် ချဲလ်ဆီးအသင်းသို့ အပြီးသတ်ပြောင်းရွေ့မှု အပြီးတွင် ချဲလ်ဆီး ပရိတ်သတ်များ ဒေါသထွက်စေမည့် ကစားမျိုး ပြောကြားသွားခဲ့သည်။
ချဲလ်ဆီးအသင်းသို့ ပြောင်းရွေ့မှုအပြီး ဂျန့်ခ်အသင်းသို့ အငှားစာချုပ်ဖြင့် ပြန်သွားခဲ့သော ဒီဘရုန်းက ၎င်း၏မိသားစု အားလုံးသည် လီဗာပူးလ်အသင်းအား အရူးအမူး အားပေးကြသော လီဗာပူးလ် ပရိတ်သတ်များဖြစ်ကြောင်း ဖွင့်ဟသွားခဲ့သည်။ ဘယ်လ်ဂျီယံ ဘယ်တောင်ပံ ကစားသမား ဒီဘရုန်းက - "ကျွန်တော်ဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကို အမြဲတမ်း အားပေးနေတဲ့ ပရိတ်သတ် တစ်ယောက်ပါ၊ ဘာလို့လဲ ဆိုတော့ ကျွန်တော့် အမေဟာ အင်္ဂလိပ်သွေး တစ်ဝက် နှောပါတယ်၊ ကျွန်တော်တို့ မိသားစုဟာ အင်္ဂလန် ဘောလုံးလောကကို ဘယ်လ်ဂျီယံ ဘောလုံးလောကထက် ပိုပြီးတော့တောင် အားပေးကြပါတယ်၊ ကျွန်တော်ငယ်ငယ်ကဆို ကျွန်တော်တို့ တစ်မိသားစုလုံး လီဗာပူးလ်ကို အရမ်းအားပေးကြတာ" ဟုဝန်ခံပြောကြားသွားခဲ့သည်။ ကီဗင်ဒီဘရုန်းက ဆက်လက်ပြီး - "ချဲလ်ဆီးလို အသင်းရဲ့ ကစားသမား တစ်ယောက် ဖြစ်ခွင့်ရရေးဟာ ကျွန်တော့်ရဲ့ အိမ်မက်တစ်ခုပါပဲ" ဟု ပြောကြားသွားခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com