BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, February 2, 2012

ကစားပွဲတစ်ပွဲမှာ လူစားလဲခွင့် လေးယောက်အထိ ခွင့်ပြုဖွယ် ရှိတဲ့ ဖီဖာ


ကစားပွဲတစ်ပွဲမှာ လူစားလဲခွင့် လေးယောက်အထိ ခွင့်ပြုဖွယ် ရှိတဲ့ ဖီဖာ
ကစားပွဲတစ်ပွဲမှာ လူစားလဲခွင့် လေးယောက်အထိ ခွင့်ပြုဖွယ် ရှိတဲ့ ဖီဖာ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဟာ ဘောလုံးပွဲတစ်ပွဲမှာ လူစားလဲခွင့်ကို သုံးယောက် ခွင့်ပြုရာမှ လေးယောက်အထိ လူစားလဲခွင့်ကို ခွင့်ပြုသွားဖွယ် ရှိတယ်လို့ သတင်းများမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အနေအထားကို သာမာန်ပွဲများမှာ ခွင့်ပြုသွားမှာမဟုတ်ပဲ အနိုင် အရှုံး အဖြေပေါ်အောင် ကစားရတဲ့ ပွဲတွေမှာ သရေကျခဲ့လို့ အချိန်ပို ဆက်လက် ကစားတဲ့အခါမှာ ကစားသမားတွေ မောပန်းနွမ်းနယ်ပြီး ရုပ်ပျက် ဆင်းပျက် မဖြစ်စေရန်အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ ဒီအချက်ကို မတ်လ သုံး ရက်နေ့ အင်္ဂလန်မှာ တွေ့ဆုံကြမယ့် နိုင်ငံတကာ ဘောလုံး အဖွဲ့ချုပ် IFAB ဘုတ်အဖွဲ့တွေရဲ့ တွေ့ဆုံပွဲမှာ ဆွေးနွေးဖို့ စီစဉ်သွားမယ်လို့ သိရှိရပါတယ်။

ကစားပွဲကောင်းတစ်ပွဲရဲ့ Tempo ကို မကျစေလိုတဲ့အပြင် ကစားသမားတွေရဲ့ မောပန်းနွမ်းနယ်မှုကို ကာကွယ်တဲ့ အနေနဲ့ရော ပွဲရဲ့ ရသကို ထိန်းသိမ်းမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆေးဘက်ဆိုင်ရာနဲ့ နည်းစံနစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက ဒီအချက်ကို ထည့်သွင်းစဉ်းစားသွားပြီး ၂၀၁၄ လောက်မှာ စတင် စမ်းသပ်နိုင်ဖို့ အဆိုပြု ဆွေးနွေးဖွယ် ရှိတယ်လို့ ဖီဖာရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တာပါ.. ဖီဖာအနေနဲ့ ယူရို ၂၀၁၂ အပြီးမှာ ဂိုးလိုင်းနည်းပညာကို အသုံးပြုခြင်း ရှိ မရှိအတွက် IFAB နဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်သလို IFAB အနေနဲ့ကလဲ ဂိုးလိုင်း နည်းပညာနဲ့ ယခုရာသီ ဥရောပ ဘောလုံးပွဲများတွင် အသုံးပြုလျှက် ရှိသော ငါးယောက်မြောက် ဒိုင်လူကြီး ထားရှိသည့် စံနစ်ကို နှိုင်းယှဉ် သုံးသပ် လေ့လာသွားမည်ဟု သိရှိရသည်
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed