![]() | ![]() | ![]() |
|
![]() အဒီဘာယောသည် မန်ချက်စတာ စီးတီးမှ စပါးအသင်းသို့ တစ်ရာသီ အငှား စာချုပ်ဖြင့် လာရောက် ကစားနေသူ ဖြစ်သည်။ တိုဂို လက်ရွေးစင် ကစားသမားသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၇၀၀၀၀) ရရှိနေသူဖြစ်ပြီး လတ်တလောတွင် ၎င်း၏ လုပ်ခလစာ ထက်ဝက်ခန့်ကို မန်စီးတီးက ပေးချေနေရသည်။ စပါးအသင်းသည် အားထားရသော တိုက်စစ်မှူးကို အပြီးသတ် ၀ယ်ယူပါက ပေါင်စတာလင် (၈)သန်းမျှ ပြောင်းရွှေ့ကြေး ကုန်ကျမည် ဖြစ်ပြီး အဒီဘာယောကို တစ်ပတ်လျှင် ပေါင်စတာလင် (၁၀၀၀၀၀)မျှဖြင့် စာချုပ်နိုင်ရန် မျှော်လင့်နေသည်။ ထို့အပြင် စွမ်းဆောင်ရည် အလိုက် ဆုကြေး ခံစားခွင့်ကို ပေါင်စတာလင် (၄)သန်းထိ တိုးမြှင့် ပေးသွားရန် လန်ဒန် ကလပ်က ရည်ရွယ်ထားသည်။ ![]()
စပါးနှင့် စာချုပ်ကိစ္စ မသေချာသေးသည့် အဒီဘာယော
သို့သော်လည်း ထိုထက်ပိုသော ငွေပမာဏမျိုး သုံးစွဲရမည် ဆိုပါက စပါးအနေဖြင့် အဒီဘာယောကို ကာလရှည် စာချုပ်ရန် ရည်မှန်းချက်ကို စွန့်လွှတ်ရဖွယ် ရှိနေသည်။ အဒီဘာယောကလည်း ၎င်းရရှိနေသည့် လုပ်ခလစာထက် ခေါက်ချိုးနီးပါး လျော့ကျသွားသည့် အနေအထားကို လွယ်လွယ်ကူကူ ဆုံးဖြတ်ဖွယ် မရှိချေ။ ယခုအခါ စပါးအသင်း ဥက္ကဋ္ဌ ဒန်နီလီဗိုင်းသည် လိုအပ်လာသော အနေအထားတွင် အစားထိုးရန်အတွက် တိုက်စစ်မှူးသစ် တစ်ဦးကို ရှာဖွေနေကြောင်း သိရသည်။ တိုဂို လက်ရွေးစင် ကစားသမားသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၇၀၀၀၀) ရရှိနေသူဖြစ်ပြီး လတ်တလောတွင် ၎င်း၏ လုပ်ခလစာ ထက်ဝက်ခန့်ကို မန်စီးတီးက ပေးချေနေရ... အိုလံပစ် မာဆေးလ်မှ လွိုက်ရီမီနှင့် ဗီလာရီးယဲလ်မှ ဂူဆက်ပီ ရော့ဆီတို့အနက် တစ်ဦးဦးသာ ၀ှိုက်ဟတ်လိန်း ရောက်လာခဲ့ပါက အဒီဘာယောသည် မန်စီးတီးသို့သာ ပြန်သွားရဖွယ် ရှိနေသည်။ မန်စီးတီး အနေဖြင့်လည်း နွေရာသီတွင် အီဒင်ဇီကိုအား ရောင်းထုတ်ဖြစ်ပြီး အခြားတိုက်စစ်မှူး တစ်ဦးကို အစားထိုး ခေါ်ယူခြင်း မပြုပါက အဒီဘာယောကို ပြန်လည် နေရာပေးဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Ref: Daily Mail |
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်