![]() | ![]() | ![]() |
|
![]() ချာမက်ခ်သည် ဘောဒိုးစ် အသင်းတွင် အကောင်းဆုံး ခြေစွမ်း ပြသ နိုင်ခဲ့သော်လည်း (၂၀၁၀)ပြည့်နှစ်က အာဆင်နယ်သို့ အလွတ် ပြောင်းရွှေ့လာခဲ့သည့် နောက်ပိုင်းတွင် တောက်လျှောက် ရုန်းကန် လာရသည်။ အာဆင်နယ်သည် မော်ရိုကို လက်ရွေးစင်ကို ရောင်းထုတ်ရန် ရည်ရွယ်ထားပြီး ဖြစ်သော်လည်း ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၇)သန်းမျှထိ မျှော်လင့်နေဆဲဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ချာမက်ခ်သည် ယခုရာသီ အာဆင်နယ်အတွက် တစ်ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပြီး နွေရာသီတွင် အမ်းမရိတ်စ်မှ သေချာပေါက် ထွက်ခွာမည် ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ချာမက်ခ်သည် ယခုရာသီ အာဆင်နယ်အတွက် တစ်ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပြီး နွေရာသီတွင် အမ်းမရိတ်စ်မှ သေချာပေါက် ထွက်ခွာမည်ဖြစ်... PSGသည် ချာမက်ခ်ကို တစ်ချိန်က ၎င်း၏ အောင်မြေ ဖြစ်ခဲ့ရာ ပြင်သစ်လိဂ်သို့ ပြန်လည် ခေါ်ယူသွားရန် ဆန္ဒရှိနေသည်။ PSGနည်းပြ ကာလို အန်ဆလော့တီက အာဆင်နယ်၏ ခေါ်ဈေးထက် ပေါင်(၂)သန်းမျှ လျှော့ချပြီး ချာမက်ခ်ကို ကမ်းလှမ်းနိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။ အာဆင်နယ်သည် ယခုရာသီတွင် တိုက်စစ်အတွက် ရော်ဘင် ဗန်ပါစီကိုသာ အဓိက အားထား နေရပြီး ပြင်သစ်လိဂ် အခြေစိုက် ကစားသမားများ ဖြစ်ခဲ့သည့် ချာမက်ခ်ရော၊ ပါ့ခ်ချူယောင်းတို့ထံမှပါ ကောင်းမွန်သည့် အထောက်အပံ့မျိုး မရရှိဘဲ ဖြစ်နေရသည်။ |
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်