- By ENVOY
မြန်မာနှင့် လာအို နှစ်နိုင်ငံ ကြား မဲခေါင်မြစ်ကူး တံတားတည် ဆောက်ရေး ကို မကြာမီ စတင်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ဗီယက်နမ် နိုင်ငံသို့ သွားရောက် သည့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တံတား တည်ဆောက်ရာတွင် ဗီယက်နမ် နိုင်ငံ အနေဖြင့် အကူအညီများ ပေးစေ လိုကြောင်းလည်း သမ္မတကြီးဦးသိန်းစိန်က ထည့်သွင်း ပြောကြား ခဲ့သည်။
ထို့ပြင် နိုင်ငံတော် သမ္မတကြီးက ကုန်းလမ်းအနေဖြင့် ဗီယက်နမ် နိုင်ငံမှ လာအိုနိုင်ငံကို ဖြတ်၍ မြန် မာနိုင်ငံသို့ ဆက်သွယ်နိုင်ရန် တံတားတစ်စင်း မကြာမီ တည်ဆောက်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
နှစ်နိုင်ငံကြား လေကြောင်း၊ ရေကြောင်းမှသာ ကူးသန်း ဆက်သွယ်ရသည်ဖြစ်ရာ နှစ်နိုင်ငံကြား ကုန်းလမ်းဖောက်လုပ်ရေး အ ကောင်အထည်ပေါ်ပါက အနာဂတ် ဆက်သွယ်မှု ပိုမိုလွယ်ကူနိုင်မည် ဖြစ်ကြောင်း ဗီယက်နမ်သမ္မတကြီး ကထည့်သွင်း ဆွေးနွေးခဲ့သည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်