
မန်နူရယ် နူရာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားပါဟု ပြောကြားလိုက်သည့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်
ဘေယန်မြူးနစ်ဂိုးသမား မန်နူရယ် နူရာသည် မနေ့ကဘာနေဗျူးတွင်ကစားခဲ့သည့်ပွဲတွင် ရီးရဲလ်အသင်း၏ပင်နယ်တီသွင်းဂိုး (၂)ဂိုးအား ကာကွယ်ပေးခဲ့ခြင်းဖြင့်၊ ဘေယန်မြူးနစ်အသင်း၏ ဖိုင်နယ်သို့ တက်ရောက်ရေးတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။
"ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ဟာ ကျွန်တော့်နားမှာ ထိုင်ပြီး၊ မန်နူရယ် နူရာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားလို့ ပြောခဲ့ပါတယ်"
"ကျွန်တော်တို့ဟာ ပွဲအစပိုင်းမှာ ကစားပုံဆိုးဝါးခဲ့ပါတယ်၊ ဒီပွဲဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀တစ်လျှောက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲပါပဲ၊ ကျွန်တော်ရဲ့ကစားသမားဘ၀ဟာ အခုဆိုရင် နှစ်ပေါင်း (၄၀)လောက် ကျန်ခဲ့ပါပြီ၊ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့အတွက် အရမ်း ဂုဏ်ယူပျော်ရွှင်မိပါတယ်၊ ဒါဟာ အရမ်းအံ့အားသင့်စရာပါ"ဟု ရမ်မီနစ်ခ်ခီက ပြောကြားသွားခဲ့သည်။
ဘေယန်မြူးနစ်အသင်း အမှုဆောင်ချုပ် ယူလီ ဟိုးနက်စ်ကလည်း နူရာ၏ စွမ်းဆောင်မှုအား ချီးကျူးခဲ့ပြီး၊ ဂျပ် ဟေးနက်စ်၏အသင်းသည် ရီးရဲလ်အသင်းအား အခွင့်အရေးပေးခဲ့သည့် ဖိလစ် လမ်း၏ ဒုတိယမြောက် ပင်နယ်တီလွဲချော်ပြီးနောက်၊ ရှုံးနိမ့်ရန် အခွင့်အရေးများသွားပြီဟု ထင်ခဲ့မိကြောင်းလည်း ၀န်ခံပြောကြားခဲ့သည်။
"မန်နူရယ် နူရာဟာ ဂရိတ်ပါ၊ ဖိလစ် လမ်း ပင်နယ်တီလွဲသွားတော့ ဘေယန်မြူးနစ်တော့ ရှုံးပြီလို့ ထင်ခဲ့မိပါတယ်၊ ဒီပွဲဟာ တကယ့်ကို ခက်ခဲခဲ့ပါတယ်၊ ကျွန်တော်တို့ဟာ နှစ်ဂိုးအသာနဲ့ ဦးဆောင်ခြင်း ခံခဲ့ရတာပါ"
"ဒီနေ့ပွဲက ထူးရှယ်ပါ၊ ဘေယန်ဟာ ရီးရဲလ်ကို အနိုင်ယူခဲ့ပါတယ်၊ ဒီလိုအဖြစ်မျိုး နှစ်တိုင်း မဖြစ်နိုင်ပါဘူး၊ အခုဆိုရင် ဖေးဖရိတ် ဘာကာလည်း ပြိုင်ပွဲက ထွက်သွားရပြီဆိုတော့၊ လာမယ့်ဖိုင်နယ်မှာ ကျွန်တော်တို့အသင်း အနည်းငယ် ရေပန်းစားနေပါလိမ့်မယ်"
" ဘောလုံးနဲ့ပတ်သက်ပြီး၊ ဂရိတ်အတွေ့အကြုံလိုချင်ရင်၊ ကမ္ဘာ့ဖလားဖိုင်နယ်၊ ဒါမှမဟုတ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ၀င်ကစားကြည့်လိုက်ပါ၊ ကိုယ့်အိမ်ကွင်းမှာ ဖိုင်နယ်ကစားရမှာက တကယ့်ဂရိတ်ပါ"ဟု ဟိုးနက်စ်က ပြောကြားသွားခဲ့သည်။
ဘေယန်မြူးနစ်အသင်းသည် (၂၀၁၀)ဖိုင်နယ်တွင် အင်တာမီလန်အား ရှုံးနိမ့်ပြီး၊ နှစ်နှစ်အကြာ၌ သူတို့၏ ငါးကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအား ရယူရန် ဆန္ဒပြင်းပြလျှက် ရှိနေသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်