BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, April 26, 2012

မော်ရင်ညိုအတွက် တကယ့်ကို အရှက်ရစရာ တစ်ခုလား....

မော်ရင်ညိုအတွက် တကယ့်ကို အရှက်ရစရာ တစ်ခုလား....
မော်ရင်ညိုအတွက် တကယ့်ကို အရှက်ရစရာ တစ်ခုလား....

ရီးရဲလ်နည်းပြမော်ရင်ညိုသည် ချန်ပီယံလိဂ်ဖိုင်နယ်တွင် ချယ်လ်ဆီးအသင်းနှင့် တွေ့ဆုံတော့မည်မဟုတ်သော်လည်း၊ သူ့အနေဖြင့် ချယ်လ်ဆီးအသင်းအား ချန်ပီယံလိဂ်ဖလား ရရှိစေလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ရီးရဲလ်အသင်းသည် ဘေယန်မြူးနစ်အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း၊ မော်ရင်ညိုက -

"ကျွန်တော် ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလားရစေချင်ပါတယ်၊ သူတို့ဟာ မနေ့က သူရဲကောင်းတွေ ဖြစ်ခဲ့ပါတယ်"

"ဘောလုံးနဲ့ပတ်သက်ပြီး၊ ပညာရှင်တွေလို့ ထင်နေကြတဲ့သူအချို့ဟာ ကျွန်တော်ကိုင်ခဲ့တဲ့ အင်တာကို ဝေဖန်သလိုမျိုး ချယ်လ်ဆီးကိုလည်း ဝေဖန်မယ်ဆိုတာ သိပါတယ်" ဟု မော်ရင်ညိုက ပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဖိုင်နယ်တွင် နည်းပြဟောင်းနှင့် တွေ့ဆုံမည်မဟုတ်တော့သော်လည်း အသင်း၏တောင်ပံကစားသမားဟောင်း အာဂျန်ရော်ဘင်နှင့်မူ ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။

ချယ်လ်ဆီးတွင် (၂၀၀၄)မှ (၂၀၀၇)အထိ ကစားခဲ့သည့် ဘေယန်မြူးနစ်တောင်ပံလူက -

"ကျွန်တော် ချယ်လ်ဆီးအသင်းအတွက် ဂုဏ်ယူပါတယ်၊ ကျွန်တော် အဲဒီအသင်းမှာ အကောင်းဆုံး အချိန်တွေ ရှိခဲ့ပါတယ်"

"အေဗရာမိုဗစ်ခ်ျနဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက်လည်း ၀မ်းသာပါတယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော် သူတို့ကို အနိုင်ယူသွားမှာပါ"

"ချယ်လ်ဆီးနဲ့ ဘေယန်မြူးနစ် ဖိုင်နယ်မှာ တွေ့ဆုံမယ်လို့ လောင်းခဲ့တဲ့သူဟာ အခုဆိုရင် လောင်းကြေးတွေအများကြီး ရနေလောက်ပါပြီ"

အပြာရောင်အသင်းသည် မေ (၁၉)ရက်တွင် ဘေယန်မြူးနစ်အိမ်ကွင်း အေလီယန်ဇ် အရီနာကွင်းတွင် ဖိုင်နယ်ကစားရမည်ဖြစ်သည်။

အသက် (၂၈)နှစ်ရှိ ရော်ဘင်က -

"ဒီ မက်တီယိုအတွက်လည်း ဂုဏ်ယူမိပါတယ်၊ သူဟာ ခက်ခဲတဲ့ အခြေအနေတွေကြားထဲမှာ အသင်းကို တာဝန်ယူခဲ့ရတာဖြစ်ပြီး၊ အခုဆိုရင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပြနိုင်ခဲ့ပါပြီ"





ရီးရဲလ်အသင်းအတွက် ခရစ္စတီယာနို ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူပြီးနောက်၊ ရော်ဘင်သည် ဘေယန်မြူးနစ်အတွက် အရေးပါသည့် ချေပဂိုးတစ်ဂိုးကို ပင်နယ်တီမှတဆင့် သွင်းယူပေးခဲ့သည်။

ရော်နယ်ဒို၊ ကာကာ၊ ရာမို့စ်တို့ ပင်နယ်တီများ လွဲချော်ပြီးနောက်၊ ရှဝိန်းစတိုင်ဂါက ဘေယန်မြူးနစ်အသင်းအတွက် ပင်နယ်တီ အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

ဂျာမန်ကလပ်အသင်းသည် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အိမ်ကွင်းတွင် ဖိုင်နယ်ကစားရသည့် ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး၊ ဘေယန်မြူးနစ်ပရိသတ် တစ်သန်းခန့်သည် ဖိုင်နယ်လက်မှတ်များ ရရှိရန်အတွက် ကြိုးစားနေကြသည်။

ဘေယန်မြူးနစ်နည်းပြ ဂျပ် ဟေးနက်စ် က - "ကျွန်တော်တို့ဟာ နည်းပညာပိုင်း၊ နည်းစနစ်ပိုင်း၊ ကြံ့ခိုင်မှုပိုင်းတွေမှာ ပိုကောင်းတယ်ဆိုတာ ထပ်မံ သက်သေပြခဲ့ပါတယ်၊ အိမ်ကွင်းမှာ ကျင်းပမယ့် ဖိုင်နယ်ပွဲမှာ ဒီထက် ပိုကောင်းလာပါလိမ့်မယ်"ဟု ပြောကြားသွားခဲ့သည်။



Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်