![]()
ချစ်တော့ချစ်တယ်... ဒါပေမယ့်.....
မန်ယူတိုက်စစ်မှူး ၀ိန်းရူနီသည် ဇနီးသည် ကောလင်းနှင့်အတူမအိပ်ပဲ၊ သက်သက်စီ အခန်းခွဲအိပ်နေကြောင်း သိရှိရသည်။
သို့ပါသော်လည်း ယခုလိုအခန်းခွဲအိပ်နေခြင်းမှာ ဇနီးသည် ကောလင်းနှင့် စိတ်ဆိုး၍မဟုတ်ပဲ၊ ကောလင်းခံစားနေရသည့် အဖျားရောဂါအား မကူးစက်ရန်အတွက်ဖြစ်ကြောင်း သိရှိရသည်။ မန်ယူတိုက်စစ်မှူး ၀ိန်းရူနီသည် လာမည့် မန်ချက်စတာဒါဘီပွဲအား မလွဲချော်ရန်အတွက် ဇနီးသည်ကောလင်းဆီမှ အဖျားရောဂါအားကူးစက်ရန် ဆန္ဒမရှိချေ။ "ကောလင်းဟာ ရာသီဥတုအပြောင်းအလဲကြောင့် အဖျားရောဂါ ခံစားနေရပြီး၊ အိပ်ယာထဲမှာ အနားယူနေရပါတယ်၊ ရူနီကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့နဲ့ သူနဲ့ နီးနီးကပ်ကပ်မနေဖို့ မှာထားပါတယ်"ဟု ၀ိန်းရူနီမိသားစုနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှ ပြောကြားခဲ့သည်။ ထို့အပြင် ရူနီကိုယ်တိုင်မှာလည်း ယခုလိုအချိန်တွင် ကောလင်းနှင့်အတူ နီးနီးကပ်ကပ်နေရန် ဆန္ဒမရှိချေ။ အဘယ်ကြောင့်ဆိုသော် တီဗီကြည့်သည့်အခါတိုင်း ရီမုတ်အား အမြဲကိုင်ထားပြီး၊ သူကြည့်ချင်သည်များကိုသာ ဦးစားပေးကြည့်လေ့ရှိသည့် ကောလင်း ဖျားနာနေသည့် အခုလိုအချိန်မျိုးတွင် သူ့အကြိုက် တီဗီအစီအစဉ်များအား တစ်ညလုံး ကြည့်ခွင့်ရတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။ |
Thursday, April 26, 2012
ဝိန်းရူနီသည် ဇနီးသည် ကောလင်းနှင့်အတူမအိပ်...
Labels:
ဘောလုံးသတင်း
Subscribe to:
Post Comments (Atom)










Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်